ရင့်ကျက်လာခြင်းရဲ့ သင်္ကေတများ

blank
  • တော်ရုံတန်ရုံကိစ္စလောက်ကိုတော့ လူအများရှေ့မှာပြောဖို့ သတ္တိရှိလာတယ်။
  • အားလပ်ရက်မှာ အပြင်ထွက်လည်ဖို့ထက် အေးအေးဆေးဆေးအိပ်နေရတာကို ပိုကြိုက်လာတယ်။
  • ပိုပြီးခွင့်လွှတ်တတ်လာတယ်။
  • အမြင်ပိုကျယ်လာတယ်။
  • မတူညီမှုတွေကို လေးစားမှုထားတတ်လာတယ်။
  • အချစ်ရေးမှာ အတင်းအကြပ်ဖိအားပေးရာကျတဲ့အပြုအမူတွေကို ရှောင်တတ်လာတယ်။
  • အသည်းကွဲဝေဒနာတွေကို လက်ခံတတ်လာတယ်။
  • လွယ်လွယ်ဝေဖန်တတ်တဲ့အကျင့်ကို စွန့်လွှတ်နိုင်လာတယ်။
  • အဓိပ္ပာယ်မရှိတာတွေအတွက် ငြင်းခုံနေမယ့်အစား တိတ်ဆိတ်စွာနေတတ်လာတယ်။
  • ပျော်ရွှင်မှုအတွက် သူတစ်ပါးအပေါ် မမှီခိုတော့ဘဲ ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်အောင်နေတတ်လာတယ်။

ကဲ …. သင်ကော ရင့်ကျက်ပြီလား။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။