စိုးရိမ်တတ်သူတွေမှာ တွေ့ရလေ့ရှိတဲ့ အခြေအနေများ

blank

အစိုးရိမ်လွန်တတ်တဲ့သူတွေကို ကြည့်ရင် ခေါင်းမာ၊ တင်းကြပ်ပြီး ဇီဇာကြောင်သလိုထင်ရပေမဲ့ တကယ်တမ်းမှာတော့ သူတို့ရဲ့စိတ်ထဲမှာ စိုးရိမ်မှုတွေ၊ ပူပန်မှုတွေနဲ့ ဖိစီးနေတတ်ပါတယ်။ တစ်ခုခုအမှားလုပ်မိရင် သိပ်ကိုစိုးရိမ်ပြီး ကြောက်နေတတ်ကြတယ်။ စိုးရိမ်တတ်သူတွေသာ နားလည်နိုင်မယ့် အခြေအနေလေးတွေရှိပါတယ်။ အောက်မှာ ဆက်ဖတ်ကြည့်ရအောင်။

၁။ တစ်ခါတစ်လေ စကားပြောရိုင်းတယ်လို့ ထင်ခံရတယ်။ တကယ်တမ်းက စိုးရိမ်စိတ်တွေကြောင့် စကားကောင်းကောင်းမပြောနိုင်တာပါ။

၂။ အမြဲတမ်းဖုန်းပဲကြည့်နေတယ်၊ တစ်ဖက်လူကို ဂရုမစိုက်ဘူးလို့ ထင်ခံရတတ်တယ်။ တကယ်က ကြောက်ရွံ့စိုးရိမ်နေတာကြောင့် မျက်လုံးချင်းဆုံအောင်မကြည့်ရဲလို့ ဖြစ်ပါတယ်။

၃။ တစ်ဖက်လူရဲ့ ကိုယ်အမူအရာတွေကို မျက်စိဒေါက်ထောက်ကြည့်တယ်လို့ ထင်ခံရတတ်တယ်။ တကယ်တော့ ကိုယ့်ကြောင့် တစ်ဖက်လူမှာ စိတ်အနှောင့်အယှက်ဖြစ်စေလားဆိုတာကို သတိထားနေလို့ပါ။

၎။ အမြဲတမ်းလက်ဆော့တယ်လို့ အထင်ခံရတတ်တယ်။ တကယ်က အစိုးရိမ်လွန်ပြီး စိတ်လှုပ်ရှားနေလို့ စိတ်သက်သာရာရအောင် လက်သည်းကိုက်တာ၊ တစ်ခုခုကို ကိုင်ပြီးဆော့နေတာပါ။

၅။ ဘယ်ရောက်ရောက် ထွက်ပေါက်ရှာတတ်လို့ အပိုတွေလုပ်နေတယ်လို့ အထင်ခံရတတ်တယ်။ အခန်းတစ်ခုထဲဝင်လိုက်တာနဲ့ “တစ်ခုခုဖြစ်ခဲ့ရင်” ဆိုတဲ့စိတ်ကြောင့် အဲဒီလိုရှာရတာပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ အစီအစဉ်တွေ ဖျက်ဖျက်ပစ်တတ်လို့ ကတိမတည်ဘူးလို့ အထင်ခံရတတ်တယ်။ တကယ်တော့ “တကယ်လို့များ” ဆိုတဲ့ ကြိုတင်ပူပန်တတ်တဲ့ အတွေးတွေကြောင့် ချိန်းထားတာတွေ၊ စီစဉ်ထားတာတွေကို ဖျက်ရတာပါ။

၇။ အေးစက်စက်နဲ့ ခက်ထန်တယ်လို့ထင်ခံရတတ်တယ်။ တကယ်တော့ ကိုယ့်စိတ်ထဲက စိုးရိမ်စိတ်တွေနဲ့ ကိုယ့်ဘာသာလုံးပန်းနေရလို့ ပြုံးတောင်မပြုံးနိုင်လို့ပါ။

ဒီတော့ အစိုးရိမ်လွန်တတ်တဲ့သူတွေအပေါ် နားလည်ပေးကြပါနော်။ စိုးရိမ်တတ်တာကိုက အကျင့်ကြီးလို ဖြစ်နေလို့ပါ။

သဘောကျနှစ်သက်ရင် SHARE လိုက်ပါနော်။