ကျွန်မ လူတွေအပေါ် လေးစားတတ်ဖို့ သင်ယူခဲ့ရတယ်

blank
ကျွန်မငယ်ငယ်က….

တံခါးဖွင့်တဲ့အခါ တံခါးအရင်ခေါက်တတ်ဖို့ သင်ယူခဲ့ရတယ်။

အခန်းထဲဝင်တဲ့အခါ အားလုံးကို နူတ်ဆက်စကားစပြောတတ်ဖို့ သင်ယူခဲ့ရတယ်။

ကိုယ့်ထက်အသက်ကြီးသူတွေကို “ကျေးဇူးပြုပြီးတော့” “ ကျေးဇူးတင်ပါတယ်” စတဲ့ စကားတွေပြောတတ်ဖို့ သင်ယူခဲ့ရတယ်။

တခြားသူတွေ ထိုင်ခုံလိုအပ်နေတဲ့အခါ ကိုယ့်နေရာကို ဖယ်ပေးဖို့ သင်ယူခဲ့ရတယ်။

တခြားသူတွေ ကိုယ့်အကူအညီကို လိုအပ်လာတဲ့အခါ ကူညီနိုင်ရင် “ဟုတ်ကဲ့ ရပါတယ်” မကူညီနိုင်ရင် မကူညီနိုင်ကြောင်း တုံ့ပြန်ပြောဆိုတတ်ဖို့ သင်ယူခဲ့ရတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

တံခါးပေါက်မှာ ဝင်ချင်ထွက်ချင်တဲ့ ကိုယ့်နောက်ကလူတွေအတွက် အရင်တံခါးဖွင့်ပေးတတ်ဖို့ သင်ယူခဲ့ရတယ်။

လူတွေကို လေးစားကြင်နာတဲ့အနေနဲ့ သူတို့လိုအပ်အခါ ကူညီတတ်ဖို့၊ ကိုယ့်အတွက် ဘာပြန်ရမယ်ဆိုတဲ့ မျှော်လင့်ချက်မထားဖို့ သင်ယူခဲ့ရတယ်။

ကိုယ့်အပေါ် လူတွေ ဆက်ဆံစေချင်တဲ့အတိုင်း ကိုယ်ကလည်း လူတွေအပေါ် ဘယ်လိုလေးလေးစားစား ဆက်ဆံရမလဲဆိုတာ သင်ယူခဲ့ရတယ်။

စာချစ်သူတို့ရေ အသိတရားတစ်ခု တိုးပွားသွားတယ်ဆိုရင် SHARE လေးနဲ့ မျှဝေပေးပါဦးနော်။