ပိုပျော်ရွှင်ရတဲ့ နှစ်သစ်ဖြစ်စေဖို့…

blank
၁။ ချစ်တဲ့အကြောင်းတွေကို ထုတ်ဖော်ပြောပြပါ။

ချစ်ရတဲ့သူတွေကို ချစ်တယ်ပြောပါ။ အဆင်မပြေဘဲနဲ့ ပြေသလို၊ ဘယ်သူမှမရှိလည်း ဖြစ်သလို ဟန်ဆောင်နေတာတွေကို ရပ်လိုက်ပါ။ နှစ်သစ်မှာ စိတ်ဓာတ်ပိုကြံ့ခိုင်လာအောင် နေပါ။

၂။ ချစ်ရသူတွေအပေါ် စိတ်ရောကိုယ်ပါနှစ်ပြီး ချစ်ပါ။

အချစ်ရေးအတွက် မလိုအပ်တဲ့ အတ္တ၊ မာန်မာနတွေကို ဖယ်ရှားပစ်ပါ။ ပတ်ဝန်းကျင်စကားတွေကို နားယောင်ပြီး ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲ မနေဘဲ ဒီနှစ်သစ်ကနေစပြီး ချစ်ရသူတွေကို စိတ်ရောကိုယ်ပါ နှစ်ပြီး ချစ်ပစ်လိုက်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ပိုမိုရဲရင့်ပါ။

သူတစ်ပါးရဲ့ အချစ်ရေးနဲ့ လိုက်နှိုင်းယှဉ်နေတာမျိုးကို ရပ်ပစ်လိုက်ပြီး အချစ်ရေးမှာကြုံလာမယ့် အခက်အခဲတွေကို အကောင်းဆုံးရင်ဆိုင်ပါ။ ချစ်ရတဲ့သူတွေအတွက် အရာရာကို ရင်ဆိုင်သွားပါ။ ဂရုစိုက်ချစ်ခင်ရတဲ့သူတွေနဲ့ ဒီတစ်နှစ်လုံးကို ပျော်ပျော်ရွှင်ရွှင်နေသွားပါ။ ပြဿနာတွေ ကြုံလာတဲ့အခါမှာလည်း ကြောက်ရွံ့မနေဘဲ အကောင်းဆုံးကျော်ဖြတ်သွားပါ။

စာချစ်သူတို့ကော အခုရောက်ရှိလာတော့မယ့် နှစ်သစ်ကို ဘယ်လိုဖြတ်သန်းသွားဖို့ စိတ်ကူးထားတယ်ဆိုတာ comment box မှာမျှဝေပေးသွားပါဦးနော်။