ခေါင်းဆောင်ကောင်းဆိုတာ လက်အောက်ဝန်ထမ်းတွေအပေါ် ကြင်နာမှုနဲ့ အုပ်ချုပ်သူတွေပါ။

blank

စာချစ်သူတို့ရေ…

တကယ်တော့ လုပ်ငန်းခွင်နေရာတစ်ခုမှာ ခေါင်းဆောင်တစ်ယောက်အနေနဲ့ အောင်မြင်ခြင်း၊ မအောင် မြင်ခြင်းဆိုတာ မိမိလက်အောက်ဝန်ထမ်းတွေအပေါ် ဘယ်လိုဆက်ဆံလဲဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်။ အောင်မြင်တဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင် အောက်ပါအချက်လေးတွေနဲ့ ပြည့်စုံဖို့ လိုအပ်ပါ တယ်။

၁။ အသိအမှတ်ပြုပေးပါ။       

တစ်ဖက်သားရဲ့ အားထုတ်မှုကို အသိအမှတ်ပြုပေးခြင်းက ကြင်နာတတ်တဲ့ အပြုအမူတစ်ခုဖြစ်ပါ တယ်။ ဝန်ထမ်းတွေရဲ့အောင်မြင်မှုကို ချီးကျူးဂုဏ်ယူပေးရင် ဝန်ထမ်းတွေအနေနဲ့လည်း ကြိုးစားအားထုတ်ဖို့ ပိုစိတ်အားထက်သန်လာကြမှာပါ။ အလုပ်ရဲ့ရလဒ်တွေလည်း ပိုကောင်းလာမှာပါ။ ဒါဟာ လစာ တိုးပေးတာ၊ ရာထူးတိုးပေးတာထက် ပိုထိရောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။

၂။ ရင်းနှီးမှုတည်ဆောက်ထားပါ။

အမြဲအဆက်အသွယ်ရှိနေခြင်းက အလုပ်ရှင်နဲ့ ဝန်ထမ်းတွေကြားက ဆက်ဆံရေးကို ပိုချောမွေ့ စေပါတယ်။ သဘောကောင်းပြီး ဝန်ထမ်းတွေအပေါ် ဂရုစိုက်တတ်တဲ့ အလုပ်ရှင်နဲ့ တွေ့ဆုံဖို့ကို ဝန်ထမ်း တွေအနေနဲ့ မတွန့်ဆုတ်တော့တဲ့အတွက် အကောင်းအဆိုးအားလုံးကို သိခွင့်ရမှာပါ။ နားလည်မှုတွေကြောင့် အလုပ်လုပ်ရတာလည်း ပိုအဆင်ပြေလာမှာဖြစ်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ အမှားကို  ပြင်ဆင်ခွင့်ပေးပါ။

ပြီးပြည့်စုံတဲ့သူဆိုတာ မရှိတဲ့အတွက် တစ်ခါတရံမှာ ကြုံရတတ်တဲ့ ဝန်ထမ်းတွေရဲ့ အမှားတွေကို ပြန်ပြင်ဆင်ခွင့်ပေးပါ။ အကောင်းဆုံးပြန်ကြိုးစားနိုင်အောင် ကူညီပေးပါ။ ဒါကလည်း အလုပ်ရှင်နဲ့ ဝန်ထမ်းကြား မှာ ပိုကောင်းတဲ့ ပေါင်းသင်းဆက်ဆံရေးကို တည်ဆောက်ပေးပါတယ်။

ဗဟုသုတလေးတွေ မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။