အလုပ်များနေတာက ပျော်ရွှင်နေစေဖို့ လျှို့ဝှက်ချက်ဆိုတာ သင်သိပါသလား

blank

စာချစ်သူတို့ရေ……။

ဟိုးအရင်ကတည်းက လူတွေဟာ ဘဝရပ်တည်ရှင်သန်ဖို့ အလုပ်တွေ လုပ်ကြရပါတယ်။ ဒီနေ့ခေတ်မှာ ခေတ်စနစ်တိုးတက်လာတဲ့အခါ ကုန်ထုတ်လုပ်မှုစွမ်းအား မြင့်မားလာအောင် လူတွေကြိုးပမ်းလာကြတာကြောင့် အလုပ်တွေလည်း ပိုများလာပါတယ်။ ဒါပေမဲ့ အလုပ်များလာတာဟာ ကောင်းလာတာလား၊ ဆိုးရွားလာတာလား။ ဒါမှမဟုတ် ပျော်ရွှင်လာတာလား၊ ဖိအားပိုများလာတာလားဆိုတာကို အဖြေရှာကြည့်တဲ့အခါ အလုပ်များတာဟာ ပျော်ရွှင်နေစေဖို့ လျှို့ဝှက်ချက်ပဲဆိုတာ သုတေသီတွေက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အလုပ်များနေပေမဲ့ ဘာလို့ပျော်ရွှင်စေလဲဆိုတာကတော့…

အလုပ်တွင်ကျယ်လာတာဟာ လူသားတွေ ရှင်သန်ရပ်တည်ဖို့ အရေးပါတဲ့အပိုင်းတစ်ခု ဖြစ်ပါတယ်။

အလုပ်တွေ အသီးသီးလုပ်ကြတယ်၊ ဝင်ငွေရတယ်၊ ဒါဟာ ပျော်ရွှင်စရာပါ။ အလုပ်ပိုလုပ်နိုင်လေ ဘဝအတွက် များများငွေစုနိုင်လေပါပဲ။ ဦးနှောက်ရဲ့ လှုံ့ဆော်မူတွေလည်း ပိုကောင်းလာမယ်။ ဒါဟာ ပျော်ရွှင်မှုရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေထဲက တစ်ခုလို့ဆိုနိုင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အလုပ်များနေတယ်ဆိုတာ ကိုယ့်ကိုယ်ကို တိုးတက်ကောင်းမွန်လာအောင် မကြာမကြာ လုပ်ပေးနေခြင်း တစ်မျိုးပါပဲ။

လုပ်ငန်းဆောင်တာတွေကို အဆက်မပြတ်လုပ်ဆောင်နေကြတာဟာ ကောင်းတဲ့အရာတွေ ရလာစေဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အကောင်းဆုံးတွေဖြစ်လာဖို့ အလေ့အကျင့်များများလုပ်ရမယ်ဆိုတာ အားလုံးလက်ခံပြီးသားပါ။

အလုပ်များနေတယ်ဆိုတာ ကိုယ့်အကြောင်းကိုယ် ပိုလေ့လာနေခြင်း၊ ကိုယ့်ပတ်ဝန်းကျင်ကို မြှင့်တင်ပေးခြင်းတစ်မျိုးပါပဲ။

အလုပ်ပြီးမြောက်အောင် လုပ်တာက ကိုယ့်ဘဝကို ကောင်းမွန်အောင် ရိုးရိုးရှင်းရှင်း ဖန်တီးနေတာပါပဲ။ ဘာလို့လဲဆိုတော့ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်လာတယ်။ ပျော်ရွှင်နေရင် အလုပ်လည်း ပိုလုပ်နိုင်လာတယ်၊ အကျိုးကျေးဇူးတွေလည်း ခံစားရတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာစေတယ်၊ အမှားတွေကနေ သင်ခန်းစာယူတတ်လာတယ်။

အလုပ်များနေရင် တခြားသူအပေါ် အဆိုးမြင်နေဖို့ အချိန်မရှိတော့ပါဘူး။

လက်ရှိအလုပ်ပေါ်မှာ အာရုံစူးစိုက်နေမယ်ဆိုရင် မကောင်းတဲ့အတွေးတွေ မတွေးဖြစ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ အလုပ်များနေလို့ပါပဲ။ အနာဂတ်ကို တွေးပူနေတဲ့အချိန်တွေ၊ အတိတ်က မကောင်းတဲ့အဖြစ်အပျက်တွေကို ပြန်လည်တွေးတောနေတဲ့အချိန်တွေ နည်းသွားလေ ပိုပျော်ရွှင်လာရလေပါပဲ။

စာချစ်သူတို့ရေ…

ဒါကြောင့် အလုပ်များတယ်ဆိုတာ ပျော်ရွှင်ဖို့အတွက် လျှို့ဝှက်ချက်ပါပဲ။ ဒါပေမဲ့ တန်ဆေး လွန်ဘေး ဆိုသလိုပါပဲ အလွန်အကျွံအလုပ်ပိနေရင်လည်း ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။

ဗဟုသုတတစ်ခုခု ရလိုက်တယ်ဆိုရင် SHARE လုပ်ပြီး မျှဝေပေးပါဦးနော်။