မိဘဆိုတာ သားသမီးတွေလိုသမျှ အမြဲသီးပွင့်ပေးနေတဲ့ ပေးဆပ်ခြင်းသစ်ပင်ပါ။

blank

ရွာလေးတစ်ရွာမှာ ဦးသီလဆိုတဲ့ အဖိုးအိုတစ်ယောက်ရှိတယ်။ သူ့မှာ ဇော်ဇော်ဆိုတဲ့ သားတစ် ယောက်လည်းရှိတယ်။ ဇော်ဇော်က မြို့ပြမှာကျောင်းတက်၊ အလုပ်လုပ်ရင်းနဲ့ အိမ်ကိုပြန်မလာတာ ကြာသွားပါတယ်။ ဒါနဲ့ ဦးသီလဟာ ကြာလာတော့ သားဖြစ်သူကို လွမ်းဆွတ်သတိရတာနဲ့ မြို့ကို လိုက်သွားခဲ့တယ်။ မြို့ရောက်တော့ ဇော်ဇော်အရင်နေတဲ့လိပ်စာက ပြောင်းသွားပါပြီ။ သူ့အိမ်နီးချင်းတွေက အလုပ်နေရာသစ်ရဲ့လိပ်စာကိုပေးတာကြောင့် ဦးသီလဟာ သားဖြစ်သူကိုတွေ့ဖို့ အလုပ်ထဲအထိ လိုက်သွားခဲ့တယ်။ ခမ်းနားထည်ဝါတဲ့ရုံးကိုရောက်သွားချိန်မှာ ဧည့်ကြိုတွေက “ ဘယ်သူနဲ့ တွေ့ချင်လို့ပါလဲ” လို့ ဦးသီလကို မေးကြတယ်။

“ ကျွန်တော့်သား ဇော်ဇော်ကို တွေ့ချင်လို့ပါ ”

ဧည့်ကြိုလေးက ဇော်ဇော့်ကို သွားအကြောင်းကြားပေးတော့ ဇော်ဇော်က တော်တော်အံ့သြ သွားတယ်။ အဖေဖြစ်သူကို မမျှော်လင့်ဘဲတွေ့လိုက်ရတဲ့အတွက်လည်း ဝမ်းသာသွားတယ်။ ဦးသီလ လည်း သားဖြစ်သူကို တွေ့ရလို့ မျက်ရည်တွေဝဲနေတယ်။ သားအဖနှစ်ယောက်စကားတွေပြောပြီး ခဏကြာတော့ ဦးသီလက “ ငါ့သား… မင်းအမေကလည်း မင်းကိုတွေ့ချင်နေတယ်။ အဖေနဲ့အတူ အိမ်ပြန်လိုက်ခဲ့လို့ရမလား” လို့မေးလိုက်တယ်။

ဇော်ဇော်က ခေါင်းခါတယ်။

“ ပြန်လိုက်လို့မရဘူး အဖေရေ။ ကျွန်တော့်အောင်မြင်မှုအတွက် ကြိုးစားနေရလို့ အလုပ်တွေ အရမ်းရှုပ်နေတယ်။ အလုပ်ချိန်ဇယားတွေနဲ့ပြည့်နေလို့ ခရီးထွက်ဖို့မလွယ်သေးပါဘူး”

ဦးသီလက ပြုံးရုံပဲပြုံးလိုက်တယ်။

“ အေးပါကွယ်… ဒါဆိုလည်း သားအလုပ်တွေပဲ ဆက်လုပ်လိုက်ပါ။ အဖေတော့ ဒီညနေပဲ ရွာ ကို ပြန်တော့မယ် ”

ဇော်ဇော်က ရောက်တုန်းရောက်ခိုက် သားအဖနှစ်ယောက် သုံးလေးရက်လောက်အတူတူနေ သွားဖို့ တောင်းဆိုပေမဲ့ ဦးသီလက သားအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်မှာစိုးလို့ ချက်ချင်းပဲ ပြန်သွားခဲ့ တယ်။ ဖခင်ဖြစ်သူပြန်သွားပြီး ရက်အနည်းငယ်ကြာတော့ ဇော်ဇော်ဟာ သူ့အဖေ သူရှိရာ မြို့ကို ကောက်ခါငင်ခါ လိုက်လာခဲ့တဲ့အကြောင်းရင်းကို စဉ်းစားကြည့်မိလာတယ်။ အဖေလာခဲ့ချိန်မှာ သူ အလုပ်တွေနဲ့ရှုပ်ပြီး ကောင်းကောင်းမွန်မွန်မပြုစုလိုက်ရတာကိုလည်း နောင်တရသလို၊ အပြစ်ရှိသလို ခံစားလာမိတယ်။ ဒါနဲ့ အလုပ်ကနေ ခွင့်ယူပြီး ရွာကို ပြန်လာခဲ့တယ်။ ဒါပေမဲ့ သူမွေးဖွားကြီးပြင်းခဲ့တဲ့ နေရာလေးမှာ သူ့မိဘတွေမရှိတော့ပါဘူး။ အိမ်နီးချင်းတွေကို မေးကြည့်လိုက်တော့ နေရာသစ် တစ်ခုကို လမ်းညွှန်ပေးလိုက်ကြတယ်။ အဲ့ဒီနေရာကို ဇော်ဇော်လိုက်သွားတော့ အကြီးအကျယ် အံ့အားသင့်သွားတယ်။ သူ့မိဘတွေက ရွာပြင်က သုဿန်ဇရပ်လို ခြောက်သွေ့တဲ့ လွင်တီးခေါင်နေရာ မျိုးမှာ တဲလေးထိုးပြီး နေနေကြရှာတယ်။ သားဖြစ်သူကို မြင်လိုက်တဲ့ ဦးသီလကလည်း ဝမ်းသာအားရနဲ့ “ ငါ့သား နေကောင်းရဲ့လား” လို့ နှုတ်ဆက်တယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဇော်ဇော်က မျက်ရည်တွေဝဲပြီး ခေါင်းကိုငုံ့ထားတယ်။

ဦးသီလက “ သား ဘာဖြစ်လာတာလဲ။ တစ်ခုခုအမှားလုပ်ခဲ့လို့လား” လို့ မေးလိုက်တယ်။

ဇော်ဇော်က “ မဟုတ်ပါဘူး အဖေရယ်။ ဒီလိုနေရာမျိုးမှာ အဖေတို့အမေတို့ နေနေလိမ့်မယ်လို့ ကျွန်တော်လုံးဝမျှော်လင့်မထားလို့ပါ။ ဘယ်လိုဖြစ်ရတာလဲဗျာ” လို့ မချိတင်ကဲပြောလိုက်တယ်။

ဦးသီလက…

“ ဒီလိုပါ သား။ သားရဲ့ပညာရေးအတွက် ကောလိပ်တက်ဖို့ မြို့ကိုပြောင်းတော့ အဖေတို့ ပိုက်ဆံချေးခဲ့ရတယ်။ ပြီးတော့ သားက ကားအသစ်တစ်စီးလိုချင်ပြန်တဲ့အခါ လယ်တွေကို ရောင်းလိုက်ရပြန်တယ်။ ချေးထားတာတွေကလည်း ပြန်မဆပ်နိုင်တော့ အတိုးတွေလည်း တက်တာပေါ့။ ဒါနဲ့ နောက်ဆုံးတော့ သားဆီကနေ အကူအညီရမလားဆိုပြီး အဖေမြို့ကို တက်လာခဲ့ တာပါ။ ဒါပေမဲ့ သားက အလုပ်တွေအရမ်းများနေတော့ ဒီပြဿနာနဲ့ ဝန်ထုပ်ဝန်ပိုးတွေကို မပေးချင်တော့တာမို့ ရွာပြန်လာပြီး ကိုယ့်ဘာသာကိုယ်ပဲ ဖြေရှင်းလိုက်ကြတော့တာပါ။ အိမ်ရောင်းပြီး အကြွေးဆပ်လိုက်တော့ အဖေတို့မှာ နေစရာမရှိတော့တဲ့အတွက် ဒီနေရာကို ရောက်လာရတာပါ”

“ အဲ့ဒါတွေ ဘာဖြစ်လို့ ကျွန်တော့်ကိုမပြောခဲ့ရတာလဲ အဖေရယ်”

“ သားအလုပ်တွေနဲ့တောင် သားရှုပ်နေတာ။ အပူတွေထပ်မပေးချင်တော့ပါဘူး။ အဖေနဲ့ အမေက သားပျော်ရွှင်နေတာကိုပဲ မြင်ချင်တယ် ”

ဇော်ဇော်က ဖခင်ဖြစ်သူကိုဖက်ပြီး ငိုကြွေးတောင်းပန်တယ်။ ဦးသီလက “ တောင်းပန်စရာ မလိုပါဘူး သား။ အခုလို သားပြန်လာတာပဲ ဝမ်းသာလှပါပြီ။ အဖေတို့လိုချင်တာက သားဆီကပေး မယ့် အချိန်လေးနည်းနည်းလောက်ပါပဲ။ အဖေတို့အမေတို့က သားကို သိပ်ချစ်တယ်။ သားဆီ လိုက်လာတွေ့ကြဖို့ကျတော့လည်း ဒီအသက်အရွယ်တွေမှာ ခက်ခဲပါတယ်” လို့ပြန်ပြောတယ်။

ဇော်ဇော်ကတော့ နောင်တတွေနဲ့ ငိုကြွေးနေတော့တယ်။

စာချစ်သူတို့ရေ… တကယ်တော့ မိဘတွေဆိုတာ သားသမီးနဲ့ပတ်သက်လာရင်  ပေးဆပ်ဖို့ ဘက်ကပဲ အမြဲရှိနေကြတဲ့ အကြီးမြတ်ဆုံးပုဂ္ဂိုလ်တွေပါ။ ဒါကြောင့် သူတို့မေတ္တာကို နောက်ကျမှ တန်ဖိုးထားမိတယ်ဆိုရင်တောင် ဥပက္ခာမပြုလိုက်ပါနဲ့။ ဘဝအောင်မြင်မှုကို ရှာဖွေပါ။ ဒါပေမဲ့ မိဘကို လည်း နောက်မှာ ချန်မထားရစ်ခဲ့ပါနဲ့။ ဘာကြောင့်လဲဆိုတော့ မိဘတွေဆိုတာ သင့်အောင်မြင် မှုနောက်ကွယ်က အကြီးမားဆုံးပေးဆပ်သူတွေဖြစ်နေလို့ပါ။

ဒီဇာတ်လမ်းလေးကို ဖတ်ပြီး တစ်ခုခုတွေးမိတယ်ဆိုရင် comment box မှာ မျှဝေခဲ့ပါဦးနော်။