တခြားသူတွေက သင့်ကို နာကျင်စေတဲ့အခါ……..

blank

မိတ်ဆွေ…

ဘဝမှာ ချစ်တဲ့သူတစ်ယောက်နဲ့ လမ်းခွဲရခြင်းက တကယ့်ကို နာကျင်စရာကောင်းတဲ့ ကိစ္စတစ်ခုပါ။  ဒါပေမဲ့ တစ်ခါတရံမှာ လောကကြီးထဲ ကျွန်မတို့ တားဆီးလို့ မရတဲ့အရာတွေ ရှိပါတယ်။ အဲ့ဒီအရာတွေ မဖိတ် ခေါ်ဘဲ ရောက်လာတဲ့အခါ ကျွန်မတို့ဟာ နာကျင်ရတယ်။ ဝမ်းနည်းကြေကွဲရတယ်။ ဆောက်တည်ရာမဲ့ ဖြစ်ကြ ရတယ်။

အဲ့ဒီအခြေအနေဟာ လူတစ်ယောက်အတွက် တကယ့်ကို အရေးကြီးတဲ့ အခိုက်အတန့်ပါ။ အဲ့ဒီအခိုက် အတန့်ကို ကြံ့ကြံ့ခံကျော်ဖြတ်ဖို့ လိုပါတယ်။ အဲ့ဒီလိုကျော်ဖြတ်ဖို့ နည်းလမ်းလေး ၃ ခုပေးပါရစေ။

နံပါတ် ၁ က…

အဲ့ဒီအချိန်ကို တစ်ယောက်တည်း မဖြတ်ကျော်ပါနဲ့။ မိတ်ဆွေသူငယ်ချင်းတွေ၊ သင့်အပေါ် ချစ်ခင်သူ တွေနဲ့ တွေ့ဆုံပါ။ ဖုန်းဆက်ပါ။ ရင်ဖွင့်ပါ။ အချိန်တန်ရင် အချိန်ဆိုတဲ့သမားတော်ကြီးက သင့်နာကျင်မှုတွေကို ကုစားပေးသွားမှာပါ။ မိတ်ဆွေသူငယ်ချင်းကောင်းတွေနဲ့ ဝန်းရံထားခြင်းအားဖြင့် နှလုံးသားဒဏ်ရာလည်း မြန်မြန်ကျက်စေမှာပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

နံပါတ် ၂ က …

ဘာဖြစ်ခဲ့လဲဆိုတဲ့အပေါ် အာရုံမစိုက်ပါနဲ့။ လက်ရှိသင့်အခြေအနေကို စဉ်းစားပါ။ “ ငါ့ဘဝက တစ်ယောက်တည်းဖြစ်သွားတော့မယ်” ဆိုတဲ့ အတွေးကို လုံးဝမတွေးပါနဲ့။ အတွေးတွေကို ပြောင်းလဲပစ်ပါ။ သင့်ကိုယ်သင်လည်း လုံးဝအပြစ်မတင်ပါနဲ့။ “ပြီးပြည့်စုံတဲ့လူဆိုတာရှိလို့လား” လို့ သင့်ကိုယ်သင်မေးပါ။ သင်လည်း လူသားတစ်ယောက်ပဲမို့ ပြီးပြည့်စုံတဲ့သူမဖြစ်နိုင်တာကို လက်ခံလိုက်ပါ။ သင့်ကိုယ်သင် အပြစ်တင်နေမယ့်အစား အကောင်းဆုံးကြိုးစားခဲ့တဲ့ သင့်ကိုယ်သင် အသိအမှတ်ပြုလိုက်ပါ။

နံပါတ် ၃ က…

သင်ဝါသနာပါတဲ့ အရာတစ်ခုခုကို စိတ်ကော ကိုယ်ပါနစ်ပြီး စိတ်အားထက်သန်မှုအပြည့်နဲ့ ကြိုးစား လိုက်ပါ။ လိုအပ်တဲ့အရာတွေကို လေ့လာမှုပြုရမယ်။ တီထွင်ဖန်တီးမှုပြုရမယ်။ အားလပ်ချိန်မရှိတဲ့ အတွက် နှလုံးသားဒဏ်ရာကို မေ့နေသလို သင့်တီထွင်ဖန်တီးနိုင်စွမ်းတွေအတွက် သင့်ကိုယ်သင်လည်း ယုံကြည်မှုတွေ တိုးလာစေမှာပါ။

မိတ်ဆွေ… ဒါကြောင့် သင်ဖန်တီးလို့မရသလို လွန်ဆန်လို့လည်း မရတဲ့ နာကျင်စရာ အဖြစ်အပျက် အတွက် သင့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို ဖြုန်းတီးမပစ်လိုက်ပါနဲ့။ လဲပြိုမယ့်အစား စိတ်ဓာတ်ခွန်အားအပြည့်နဲ့ ကျော်ဖြတ်ပြီး ပိုမိုတိုးတက်တဲ့ ဘဝဆီ လျှောက်လှမ်းလိုက်ပါလို့ အကြံပြုလိုက်ပါတယ်နော်။

စိတ်ဓာတ်ခွန်အားတွေ မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။