အောင်မြင်ချင်လား။ ဒီဗျူဟာလေးကို ကျင့်သုံးကြည့်ပါ။

blank

မိတ်ဆွေ…

ကမ္ဘာကျော်ပုဂ္ဂိုလ်တွေဖြစ်တဲ့ အိုပရာဝင်းဖရေး၊ ဘီလ်ဂိတ်နဲ့ မာ့ခ်ဇူကာဘတ်တို့ဟာ five-hour rule ဥပဒေသကို လိုက်နာကျင့်သုံးကြတဲ့သူတွေပါ။ ဒါကြောင့် အောင်မြင်ဖို့ ကြိုးစားနေတဲ့ ငါးနာရီသာပေးရမယ့် အောင်မြင်မှုနည်းဗျူဟာကောင်းတစ်ခုကို မျှဝေပေးလိုက်ပါတယ်။

Five-hour rule ဆိုတာ လက်တွေ့ကျင့်သုံးရင် ကျင့်သုံးနိုင်သလို သင့်ဘဝထဲကို တန်ဖိုးကြီးတဲ့အောင် မြင်မှုတွေအများကြီး သယ်ဆောင်လာပေးမှာပါ။ ဒီတော့ five-hour rule ဆိုတာ ဘယ်လိုမျိုးလဲ။

Five-hour rule ဆိုတာ အသစ်အဆန်းတစ်ခုခုကိုသင်ယူဖို့ တစ်ရက်ကို  တစ်နာရီ၊ တစ်ပတ်ကို ငါး နာရီ အချိန်ပေးတာဖြစ်ပါတယ်။ Five-hour rule ရဲ့ အဓိကသော့ချက်က အဲ့ဒါပါပဲ။ အဲ့ဒီတစ်နာရီအတွင်း သင် စိတ်ပါဝင်စားတဲ့အသစ်တစ်ခုခုကို လေ့လာပါ။ တခြားဘာမှမလုပ်ပါနဲ့။ ဥပမာ- စာဖတ်တာပါ။ တစ်ရက်ကို တစ် နာရီစာဖတ်ခြင်းက သင့်ဦးနှောက်ကို ကျန်းမာထက်မြက်စေပြီး အသစ်တွေသင်ယူဖို့လည်း သင့်စိတ်ကို ပုံမှန် လေ့ကျင့်ပေးသွားရာ ရောက်ပါတယ်။ မှန်မှန်ဖတ်ဖြစ်ဖို့ သင့်အနားမှာ စာအုပ်တစ်အုပ် အချိန်ပြည့်ရှိနေအောင် ကြိုးစားပါ။ စာဖတ်ဖို့အချိန်နည်းနည်းရတာနဲ့ စာအုပ်ကို ဖွင့်ဖတ်ပါ။ တစ်ပတ်ကြာသွားတဲ့အခါ သင်ပေးခဲ့တဲ့ ငါးနာရီအတွက် အလွန်တန်ဖိုးကြီးတဲ့ အသိပညာဗဟုသုတအသစ်တွေကို စုဆောင်းပြီးသားဖြစ်သွားပါပြီ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒါဟာ တစ်ခါတရံမှာ ပိုလျှံနေမယ့် သင့်အချိန်တွေကို အကျိုးရှိရှိအသုံးချရာလည်း ရောက်ပါတယ်။ ပြီး တော့ comfort zone ကနေရုန်းထွက်ပြီး သင့်ရဲ့ကြိုးစားမှုတွေကို ဖန်တီးလိုက်တာပါ။ အချိန်တွေအများကြီးပေးစရာမလိုဘဲ တစ်ရက်တစ်နာရီလေးပေးရုံနဲ့ တစ်ပတ်ကြာတဲ့အခါ အောင်မြင်မှု တစ်ခုကို ယူဆောင်လာပေးမယ့် နည်းလမ်းကောင်းတစ်ခုမို့ အောင်မြင်လိုသူတိုင်း ကျင့်သုံးသင့်တာ အမှန်ပါပဲ။

ကဲ… သင်ကော အောင်မြင်ဖို့ အဆင်သင့်ဖြစ်ပြီလား။

ဒါလေး ကြည့်ပြီးရင် သင်ချစ်တဲ့သူတွေအတွက်လည်း ပြန် SHARE ပေးလိုက်ပါဦးနော်။