ဘဝမှာ ပျော်ပျော်ရွှင်ရွှင်နေချင်ရင် ဒါလေးတွေလုပ်ကြည့်ပါနော်

blank

တိုတောင်းလွန်းတဲ့ ဘဝခရီးလမ်းမှာ ရည်မှန်းချက်တွေ ချထားပါ။

အတိတ်ကအရာတွေအတွက် သောကရောက်မနေဘဲ ခွင့်လွှတ်သင့်ရင် ခွင့်လွှတ်လိုက်ပါ။ မေ့ပစ်သင့်ရင် မေ့ပစ်လိုက်ပါ။

ပြီးပြည့်စုံဖို့ပဲ ကြိုးစားမနေဘဲ ကိုယ့်မှာရှိတဲ့အရာတွေနဲ့ပဲ ရောင့်ရဲတင်းတိမ်ပြီး ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းပါ။

ပတ်ဝန်းကျင်နဲ့ နေသားကျအောင် နေပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

နှလုံးသားမှာ အမုန်းတရားတွေ ကင်းပါစေ။ မိသားစုအတွက် အချိန်ပေးပါ။ ကိုယ့်ကိုယ်ကို ဂရုစိုက်ပေးပါ။ ဘုရားတရားလုပ်ပါ။ တရားထိုင်ပါ။

အရာရာကို နည်းနည်းပဲ မျှော်လင့်ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။

သဘာဝတရားကို လက်ခံယုံကြည်ပါ။ တခြားသူတွေအပေါ် ထောင်လွှားမှုမရှိဘဲ ကြင်ကြင်နာနာဆက်ဆံပါ။ ကျေးဇူးသိတတ်အောင်နေပါ။

အရာရာတိုင်းကို မေတ္တာတရားရှေးရှုပါ။ ပျော်ပျော်နေပါ။

စာချစ်သူတို့ရေ ဒါလေးတွေကို သိသွားပြီဆိုရင် တခြားသူတွေလည်း သိရအောင် LIKE & SHARE လေးလုပ်ပေးပါနော်။