မိမိတို့လက်ကျန်ဘဝကို ချစ်ခြင်းမေတ္တာနဲ့ဖြတ်သန်းနိုင်စေဖို့…

blank

ဒီမနက် ကျွန်မ အိမ်ပြတင်းပေါက်ကို ဖွင့်တော့ အိမ်နီးချင်းစုံတွဲကို မြင်ပါတယ်။ သူတို့က အသက် ၃ဝ ကျော်မှ လက်ထပ်ထားကြတဲ့ စုံတွဲပါ။ ပြတင်းပေါက်ကနေ လှမ်းမြင်နေရတဲ့ သူတို့စုံတွဲက ညဝတ်အင်္ကျီကိုယ်စီ၊ ခြေဗလာနဲ့ သူတို့ခြံထဲမှာ ပြေးနေကြတယ်။ တစ်ယောက်နဲ့ တစ်ယောက်ရေပိုက်နဲ့ပက်ပြီးတော့လည်း ရယ်မော ကျီစယ်နေကြသေးရဲ့။ သူတို့ကိုကြည့်ရတာ ကြည်နူးမှုတွေက ကျွန်မကိုပါ ကူးစက်လာသလိုပါပဲ။

သူတို့ကိုကြည့်ပြီး ကျွန်မတွေးမိပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကျွန်မတို့အများစုဟာ ပြီးပြည့်စုံတဲ့အချစ်တွေကိုရှာဖွေဖို့ ကြိုးစားရင်း အချိန်တွေကို အများကြီး ဖြုန်းတီး နေကြပါတယ်။ တကယ်တော့ တိုတောင်းလှတဲ့လူ့ဘဝမှာ ပြီးပြည့်စုံတဲ့သူကို စောင့်နေမယ့်အစား ကိုယ့်ကိုရယ် မောပျော်ရွှင်စေသူနဲ့ ဖြတ်သန်းဖို့ကသာ ပိုအရေးကြီးပါလားလို့ သူတို့ကိုကြည့်ပြီး ကျွန်မတွေးနေမိပါတယ်။

သင်ကော… ဘယ်လိုထင်ပါသလဲ။ အတွေးလေးကို comment မှာ ပါဝင်မျှဝေခဲ့ပါဦးနော်။