ဖတ်ပြီးရင် ပြုံးရမယ့်အနောက်တိုင်းဟာသလေးများ

blank
Yellow laughing happy smile face. Smiley face ball on background sweet retro vintage color.
၁။ အသက်အာမခံဆိုတာ…    

သင့်ကိုတစ်သက်လုံးဆင်းရဲနေစေပြီး သေမှချမ်းသာသွားစေတဲ့စာချုပ်တစ်ခုပါ။

၂။ မျက်ရည်ဆိုတာ…

ယောက်ျားတစ်ယောက်ရဲ့ ခွန်အားကြီးမှုကို အသာလေးလဲပြိုသွားစေနိုင်တဲ့ မိန်းမတစ်ယောက်ရဲ့ ရေအားအတတ်ပညာတစ်ခု။

၃။ အဖေဆိုတာ…

သဘာဝတရားက ပေးထားတဲ့ ဘဏ်တိုက်တစ်ခုပါ။

၎။ ရာဇဝတ်မှုကျူးလွန်သူဆိုတာ…

တခြားသူတွေနဲ့ဘာမှမကွာပါဘူး။ ဒါပေမဲ့ သူက အဖမ်းခံလိုက်ရလို့ပါ။

၅။ ညီလာခံဆိုတာ…

လူတစ်ယောက်ရဲ့ရှုပ်ထွေးမှုနဲ့တင် အားမရလို့ လူအင်အားဖြည့်တင်းထားတဲ့ အစုအဝေးကြီးတစ်ခုပါ။

၆။ လက်ထပ်ခြင်းဆိုတာ…

ယောက်ျားတစ်ယောက်က သူ့ရဲ့ BA ဘွဲ့ကို ဆုံးရှုံးပြီး မိန်းမတစ်ယောက်က သူမရဲ့ မာစတာဘွဲ့ကို ရရှိလိုက်တဲ့ သဘောတူညီမှုတစ်ခုပါ။

၇။ ဘော့စ်ဆိုတာ…

သင်အလုပ်နောက်ကျတဲ့ရက်ဆိုရင် သူစောရောက်ပြီး သင်စောရောက်တဲ့ရက်ဆို သူနောက်ကျသူပါ။

၈။ ကျောင်းဆိုတာ…

မိဘတွေငွေကုန်ကြေးကျများပြီး သားသမီးတွေပျော်တဲ့ ကစားစရာနေရာတစ်ခုပါ။

၉။ သူနာပြုဆိုတာ…

သင့်ကို အိပ်ဆေးပေးဖို့ နှိုးတဲ့သူပါ။

၁ဝ။ ဆရာဝန်ဆိုတာ…

သင့်ဖျားနာမှုကို ဆေးနဲ့သက်သာပျောက်ကင်းစေပြီး ဆေးဖိုးကုန်ကျစရိတ်နဲ့ ပြန်ဖျားနာစေတဲ့သူပါ။

ရယ်မောစရာလေးတွေကို ပြန်လည်မျှဝေဖို့ စာစောင်လေးကို SHARE လိုက်ပါဦးနော်။