အသက်(၃ဝ) ကျော်မှာ ဘဝက ဘာ့ကြောင့် ပိုပြီးလှပလာတာလဲ။

blank

စာချစ်သူတို့ရေ…။

အသက်(၃ဝ) အရွယ်ဆိုတာ မငယ်တော့တဲ့ အရွယ်ဆိုပေမယ့် အသက်ကြီးပိုင်းကိုလည်း မရောက်သေးတဲ့ ဘဝရဲ့ အသက်လတ်ပိုင်းအရွယ်အပိုင်းအခြားတစ်ခုပါ။ အသက်(၃ဝ) ကျော်လာတဲ့အခါ ဘဝက ဘာ့ကြောင့်ပိုပြီးလှပလာတာလဲဆိုတော့…။

  • ဘဝမှာ ထိုက်သင့်တဲ့ အတွေ့အကြုံဗဟုသုတတွေရှိပြီဖြစ်တဲ့အတွက် အရာရာကို မတုန်မလှုပ်ဖြေရှင်းနိုင်ပြီ။
  • အခြားလူတွေရဲ့ မကောင်းပြောဝေဖန်မှုတွေကို လျစ်လျူရှုပြီး လုပ်သင့်တာတွေကို လုပ်တတ်နေပြီ။
  • ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့အရေးကြီးတယ်ဆိုတာကို သိလာပြီ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

  • အသက်အရွယ်ဆိုတာ နံပါတ်တစ်ခုပဲဆိုတာကို သဘောပေါက်လာပြီ။
  • ငယ်ငယ်တုန်းကထက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေ ပိုရှိလာပြီ။
  • အရင်ကလုပ်ခဲ့တဲ့ အမှားတွေကနေ သင်ခန်းစာယူတတ်လာပြီ။
  • အချိန်ဖြုန်းတတ်တဲ့အကျင့်ကို စွန့်လွတ်တတ်နေပြီ။
  • ဘဝမှာ ကိုယ်ပိုင်စည်းမျဉ်းတွေကို စနစ်တကျချမှတ်တတ်နေပြီ။
  • ကျန်းမာရေးကို ဂရုစိုက်ဖို့လိုတယ်ဆိုတာကို နားလည်တတ်နေပြီ။
  • စစ်မှန်တဲ့ အပေါင်းအသင်းတွေချည်းပါတဲ့ ပတ်ဝန်းကျင်သေးသေးလေးတစ်ခုမှာ ပျော်မွေ့တတ်နေပြီ။
  • ခံစားချက်တွေထက် ဆုံးဖြတ်ချက်တွေကို ပိုပြီးအလေးထားတတ်လာပြီ။
  • ဘဝကပေးတဲ့ သင်ခန်းစာတွေကို အနာဂတ်အတွက် ကောင်းကောင်းအသုံးချတတ်နေပြီ။

သင်ကော… အသက်(၃ဝ) ကျော်အရွယ်မှာ သင့်ဘဝက ဘာ့ကြောင့် ပိုလှပလာတယ်လို့ ထင်လဲ။ Comment box မှာ မျှဝေပေးခဲ့ပါဦး။