ဘဝတွေထဲက လွင့်စင်လာတဲ့ ဒဿနလေးများ

blank

၁။ သင်ဘာကိုတန်ဖိုးထားတယ်ဆိုတာ ကျွန်ုပ်ကို မပြောပြပါနဲ့။ သင့်အိတ်ကပ်သာ ကျွန်ုပ်ကို ပြပါ။ သင်တန်ဖိုးထားတဲ့အရာကို ကျွန်ုပ်ပြောပြပါ့မယ်။

  • ဂျိုးဘိုင်ဒန် (Joe Biden)

၂။ လူတစ်ယောက်ရဲ့အစစ်အမှန်ကိုသိချင်ရင် သူ့ငွေကြေးတွေဆုံးရှုံးသွားတဲ့အခါ ဘယ်လိုပြုမူ နေထိုင်သလဲဆိုတာကိုသာ သတိထားကြည့်လိုက်ပါ။

  • ဆိုင်မွန်ဝီလ် (Simone Weil)

၃။ သင်ဘယ်နေရာတွေကို ဦးစားပေးတယ်ဆိုတာ ကျွန်ုပ်ကို မပြောပြပါနဲ့။ သင့်ငွေတွေကို ဘယ်မှာ သုံးလဲဆိုတာသာ ပြပါ။ သင်ဦးစားပေးတဲ့အရာတွေကို ကျွန်ုပ်ပြောပြပါ့မယ်။

  • ဂျိမ်းစ်ဒဗလျူဖရစ်ခ် (James W. Frick)

၎။ ပညာရှိတစ်ယောက်ရဲ့ခေါင်းထဲမှာ ပိုက်ဆံရှိသင့်တယ်။ ဒါပေမဲ့ နှလုံးသားထဲမှာတော့ ပိုက်ဆံမရှိ သင့်ပါဘူး။

  • ဂျိုနသန်ဆွစ်ဖ် (Jonathan Swift)

၅။ သင့်မှာ ပိုက်ဆံကောင်းကောင်းရှိရင် လူတိုင်းက သင့်ကို “ အစ်ကို”လို့ ခေါ်လိမ့်မယ်။

  • ပိုလန်စကားပုံ(Polish proverb)

၆။ ငွေကြေးဆုံးရှုံးတာဟာ ကြီးမားတဲ့ဆုံးရှုံးမှုပါ။ သူငယ်ချင်းတစ်ယောက်ဆုံးရှုံးတာဟာ ပိုကြီးမားတဲ့ဆုံးရှုံးမှုပါ။ ယုံကြည်မှုဆုံးရှုံးတာကတော့ အရာအားလုံးကို ဆုံးရှုံးလိုက်တာပါ။

  • အယ်လီနာရုစဗတ်ထ် (Eleanor Roosevelt)

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၇။ အတိတ်ကအမှားတွေအတွက် သင့်ဘဝကို ရှက်ရွံ့ခြင်းနဲ့ဘောင်မခတ်လိုက်ပါနဲ့။ သင့်အနီးမှာ ရှိနေ တဲ့ လူတစ်ယောက်ချင်းစီမှာလည်း သူတို့မကြိုက်ပေမဲ့ ပြောင်းလဲလို့မရနိုင်တဲ့ အမှားတစ်ခုစီတော့ ရှိကြသူတွေချည်းပါ။

  • အမည်မသိ ( Unknown)

၈။ သင်ဒေါသထွက်နေတဲ့ တစ်မိနစ်တိုင်းမှာ ပျော်ရွှင်ခြင်းရဲ့ စက္ကန့်ခြောက်ဆယ်ကို ဆုံးရှုံးနေတာပါ။

  • ရပ်ဖ်ဝယ်လ်ဒိုအီမာဆန် (Ralph Waldo Emerson)

၉။ ပျော်ရွှင်ခြင်းနဲ့ အချိန်ကုန်တာဟာ အချိန်ဖြုန်းတာမဟုတ်ပါဘူး။

  • မာတီထရိုလီကာတင် (Marthe Troly-Curtin)

၁ဝ။ ပျော်ရွှင်မှုဆိုတာ သင်တွေးတဲ့အရာ၊ သင်ပြောတဲ့အရာနဲ့ သင်လုပ်တာတွေ တစ်ထပ်တည်းကျတဲ့ အချိန်ကို ခေါ်တာပါ။

  • မဟတ္တမဂန္ဒီ (Mahatma Gandhi)

၁၁။ သင့်အသက်ကို နှစ်ကာလနဲ့မတွက်ဘဲ သူငယ်ချင်းအရေအတွက်နဲ့ တွက်ပါ။ သင့်ဘဝကို မျက်ရည် နဲ့မရေတွက်ဘဲ အပြုံးတွေနဲ့ရေတွက်ပါ။

  • ဂျွန်လင်နွန် (John Lennon)

၁၂။ လူတစ်ယောက်ရဲ့ဘဝပျော်ရွှင်မှုဆိုတာ အဲ့ဒီလူရဲ့ စဉ်းစားတွေးခေါ်မှု အရည်အသွေးအပေါ်မှာ အများကြီးမူတည်ပါတယ်။

  • မားကပ်စ် (Marcus)

၁၃။ သင့်အချိန်တွေကို ဒေါသတွေ၊ အငြိုးအာဃာတတွေရယ်နဲ့ မဖြုန်းတီးလိုက်ပါနဲ့။ ဘဝဆိုတာ မပျော်ရွှင်မှုအတွက် အချိန်မပေးသင့်လောက်အောင် တိုတောင်းလွန်းလှပါတယ်။

  • ရိုင်တီဘန်းနက်ထ် (Roy T. Bennett)

၁၄။ ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်က လွတ်လပ်ခြင်းဆိုရင် လွတ်လပ်ခြင်းရဲ့လျှို့ဝှက်ချက်ကတော့ ရဲရင့်ခြင်းပါပဲ။

  • ကာရီဂျုံးစ် (Carrie Jones)

၁၅။ ဒီရေကျသွားတဲ့အခါ ဘယ်သူတွေက ရေကူးဝတ်စုံဘာအရောင်ဝတ်ထားတယ်ဆိုတာ သင်တွေ့ ရလိမ့်မယ်။

  • ဝါရမ်ဘက်ဖက်ထ် (Warren Buffet)

၁၆။ အောင်မြင်မှုဆိုတာ ပျော်ရွှင်မှုရဲ့သော့ချက်မဟုတ်ပါဘူး။ ပျော်ရွှင်မှုကသာ အောင်မြင်မှုအတွက် သော့ချက်ပါ။ သင်လုပ်နေတဲ့အလုပ်ကို သင်ကြိုက်တယ်ဆိုရင် သင်အောင်မြင်ပါလိမ့်မယ်။

  • အဲလ်ဘတ် (Albert)

ဦးနှောက်ခွန်အားဖြင့် ဘဝဒဿနလေးတွေကို ပြန်လည်မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။