မိဘနှစ်ပါးအတွက် သားရဲ့လက်ဆောင်

blank

အိမ်တစ်အိမ်မှာ အဘိုးအဘွား ဇနီးမောင်နှံနှစ်ယောက် နေထိုင်ကြသတဲ့။ တစ်နေ့ အိမ်ရှေ့မှာ တံခါးခေါက်သံကြားလို့ အဘိုးကြီးက ထွက်ဖွင့်ပေးတော့ စာအိတ်နဲ့ ပို့စကတ်တစ်စောင်ကို ကိုင်ထားတဲ့ စာပို့သမားကို တွေ့လိုက်ပါတယ်။ တံခါးကို ပြန်ပိတ်ပြီး အဘိုးကြီးက စာအိတ်ပေါ်က စာလုံးအနက်နဲ့ ရေးထားတဲ့ “ အိမ်အိုလေး ” ဆိုတဲ့ စာလေးကို ဖတ်ကြည့်လိုက်ပါတယ်။

ပြီးတော့ စာအိတ်လေးကို ဖွင့်ဖတ်လိုက်ပါတယ်။ ပြီးတော့ “ မေကြီးရေ…ဒီမှာ မင်းရဲ့ သားပေးလိုက်တဲ့ လက်ဆောင် ဘယ်လောက်ထူးဆန်းလဲ လာကြည့်ပါဦး ” လို့ အဘိုးကြီးက တုန်တုန်ရီရီအသံနဲ့ အဘွားကြီးကို ခေါ်လိုက်ပါတယ်။

အဘွားကြီးက ထွက်လာပြီးတော့ “ သားက ဘာတွေပို့လိုက်လို့ ကျုပ်ကို ခေါ်နေတာတုန်း။ ဘာလက်ဆောင်တွေမို့တုန်း။ ဘာလဲ ကျုပ် အဘွားဖြစ်တော့မှာလား ” လို့ အဘွားကြီးက ဝမ်းပန်းတသာနဲ့ မေးလိုက်ပါတယ်။

“ မဟုတ်ပါဘူး။” လို့ အဘိုးကြီးက ဖြေလိုက်ပါတယ်။

အဘွားကြီးက နားမလည်တာနဲ့ စာအိတ်ကို ဆွဲယူပြီး စာအိတ်ပေါ်က စာလုံးတွေကို ဖတ်ရင်း အနားက ကုလားထိုင်ပေါ်ကို ထိုင်ချလိုက်ပါတယ်။

“ ငါတို့ သားကို အရာအားလုံး ထောက်ပံ့ပေးဖို့ ဒုက္ခတွေအများကြီး ရင်ဆိုင်ခဲ့ရတယ်။ ငါတို့အိပ်မက်တွေကို စွန့်လွှတ်ပြီး သူ့လိုအပ်ချက်မှန်သမျှ ဖြည့်ဆီးပေးဖို့ ငါတို့ကြိုးစားခဲ့ရတယ်။ ဒါကြောင့် သူ့ကို ကျောင်းကောင်းကောင်း ထားနိုင်ခဲ့ပြီး ကောလိပ်ကောင်းကောင်း ပို့နိုင်ခဲ့တာ ဒီိနေ့ထိပဲလေ ”လို့ အဘွားကြီးက ပြောပြီး မျက်ရည်တွေပါ ကျလာပါတယ်။

စာအိတ်ကို ကိုင်ရင်း တစ်ယောက်ယောက်က သူတို့နှစ်ယောက်ရဲ့ ဒဏ်ရာတွေကို ဆားနဲ့ပတ်လိုက်သလိုပါပဲ အတွေးတွေက သူတို့နှစ်ယောက်ကို ခံစားရစေပါတယ်။

ခဏအကြာမှာတော့ တံခါးခေါက်သံထပ်ကြားရပြန်ပါတယ်။ ဒီအချိန်ဆိုရင် သူတို့အိမ်ဘေးက ထွန်းထွန်းဆိုတဲ့ကောင်လေး လာနေကျအချိန်ပါ။ ထွန်းထွန်းက “ ဘာတွေ ဖြစ်နေကြတာလဲ။ ခင်ဗျားတို့ သားက ခင်ဗျားတို့ဖုန်းမကိုင်လို့တဲ့။ ခင်ဗျားတို့ အဆင်ပြေလား မေးခိုင်းလိုက်တယ်” လို့ ပြောလိုက်ပြီး “ ခင်ဗျားသားက ခင်ဗျားတို့ကို အရမ်းစိုးရိမ်နေတယ်။ ပြီးတော့ ခင်ဗျားတို့ကလည်း ဝမ်းနည်းနေကြတဲ့ပုံပဲ။ ဘာတွေ ဖြစ်နေကြတာလဲ ” လို့ ထွန်းထွန်းက ဆက်မေးလိုက်ပါတယ်။

အဘိုးကြီးက စားပွဲပေါ်က စာအိတ်ကို ညွှန်ပြရင်း “ ငါတို့ ဘာပြောရမလဲ..ထွန်းထွန်း။မင်းကိုယ်တိုင် ဖတ်ကြည့်လိုက်ပါတော့။” လို့ ပြောလိုက်ပါတယ်။

ထွန်းထွန်းက ပို့စကတ်ကို ကောက်ယူပြီး ဖတ်လိုက်ပါတယ်။ “ ဒီစာအိတ်ထဲမှာ လိပ်စာနဲ့အတူ လက်မှတ် ၂ စောင် ထည့်ပေးလိုက်ပါတယ်။ ဒီအိမ်ကို ရောင်းဖို့ စီစဉ်တော့မှာမို့ အဖေနဲ့အမေ အမြန်လိုက်လာပါ ” လို့ ပို့စကတ်ပေါ်မှာ ရေးထားပါတယ်။

အဲဒီစကားလုံးတွေ ကြားပြီးနောက် အဘိုးကြီးနဲ့ အဘွားကြီးဟာ အားပါးတရငိုချလိုက်ကြပါတယ်။ ထွန်းထွန်းလည်း ပို့စကတ်ကို ဖတ်ပြီး ခဏ “ ခင်ဗျားသား အရင်က ဒီလိုမဟုတ်ပါဘူး…” လို့ ဝမ်းနည်းစွာနဲ့ ပြောလိုက်ပါတယ်။

“ စိတ်မပူကြပါနဲ့။ ကျွန်တော့်အိမ်လည်း ခင်ဗျားတို့အိမ်လို သဘောထားပြီး လာနေလိုက်ပါ။ အားလုံးအတူတူနေကြရင် ပျော်စရာကောင်းမှာ” လို့ ထွန်းထွန်းက နှစ်သိမ့်စကားပြောလိုက်ပါတယ်။ စကားပြောနေစဉ်မှာပဲ ထွန်းထွန်းက စာအိတ်အတွင်းကို ကြည့်လိုက်တဲ့အခါ လှပတဲ့အိမ်ကြီးတစ်လုံးကို ရိုက်ထားတဲ့ ဓာတ်ပုံတွေကို တွေ့လိုက်ပါတယ်။ “ ဆည်းဆာအိမ် ” လို့ နာမည်တပ်ထားတဲ့ ဓာတ်ပုံတစ်ပုံကို တွေ့လိုက်တဲ့အခါမှာတော့ ထွန်းထွန်း ရုတ်တရက် ထရယ်ပါတော့တယ်။ အဲဒီအခါမှာ “ ငါတို့ ဒီလောက်ဝမ်းနည်းနေတာတောင် မင်းက ရယ်နိုင်သေးတယ်ပေါ့ ” လို့ အဘိုးကြီးက မေးလိုက်ပါတယ်။

“ မဟုတ်ဘူး။ မဟုတ်ပါဘူး။ ခင်ဗျားသားရဲ့ဟာသကို ရယ်နေတာပါ။ သူက အမြဲဝေ့ဝိုက်နေတတ်တာပဲ ” လို့ ပြန်ဖြေလိုက်ပါတယ်။ ပြီးတော့ “ ဒါကို ကြည့်ပါဦး” ဆိုပြီး အဘိုးကြီးလက်ထဲကို အိမ်တံခါးမှာ နာမည်ပါတဲ့ဓာတ်ပုံတစ်ပုံ ပေးလိုက်ပါတယ်။

အဘိုးကြီးဟာ လက်ထဲမှာကိုင်ထားတဲ့ ဓာတ်ပုံတစ်ပုံရဲ့အောက်ခြေမှာ ရေးထားတဲ့စာတိုလေးတစ်ကြောင်းကို မြင်ပြီး အံ့သြသွားပါတယ်။

“ ဖေဖေနဲ့မေမေရေ….သားနဲ့ ဖေဖေ၊မေမေတို့ရဲ့ချွေးမလေးကို အိမ်အိုလေးမှာ ဖေဖေ၊မေမေတို့နဲ့အတူ နေခွင့်ပေးပါလား။” ဆိုတဲ့ စာတိုလေးကို ဖတ်ပြီးတော့ အဘိုးကြီး ရမ်ဆင့်နဲ့ အဘွားကြီးတို့ဟာ ဝမ်းသာသွားပြီး မျက်ရည်တွေတောင် ကျလာပါတော့တယ်။

စာချစ်သူတို့ရေ ဒီပုံပြင်လေးဖတ်ပြီး အသိတစ်ခုခုရလိုက်တယ်ဆိုရင် LIKE & SHARE လေးလုပ်ပြီး မျှဝေပေးပါဦးနော်။