လူတိုင်းလေးစားတန်ဖိုးထားရတဲ့ မိန်းမကောင်းလေးတစ်ယောက်ဖြစ်စေဖို့

blank
Portrait of Beauty young woman sitting in the park

၁။ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပါ။ ဆံပင်အရောင်ဆိုးထားရင် ဆံသားအရင်းပိုင်းထိ တစ်ရောင်တည်းဖြစ်အောင်ဆိုးပါ။ လက်သည်းအတုတပ်ထားရင် အစွန်းလွတ်နေတာတွေ မဖြစ်ပါစေနဲ့။ အသားအရေနဲ့ သွားကျန်းမာရေးကို ထိန်းသိမ်းပါ။

၂။ ယဉ်ကျေးလုံခြုံစွာ ဝတ်စားဆင်ယင်ပါ။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လှစ်ဟပြသမှ ဆွဲဆောင်မှုရှိတာမဟုတ်ပါဘူး။ လူတွေရဲ့စိတ်အာရုံကို အချိန်အကြာကြီးဆွဲဆောင်ထားနိုင်တာက အရည်အချင်းနဲ့ စိတ်နေသဘောထားကောင်းမွန်မှုတို့ပဲဖြစ်ပါတယ်။

၃။ ရိုးရှင်းလှပတဲ့ မြန်မာဝတ်စုံလေးတွေက ဘယ်တော့မှ ရိုးမသွားမယ့် ဖက်ရှင်တစ်ခုပါ။ ဒါကြောင့် မြန်မာဝတ်စုံလေးတွေကို ချုပ်ထားသင့်ပါတယ်။

၎။ ပရဟိတလှုပ်ရှားမှုတွေ၊ အသင်းအဖွဲ့ဆောင်ရွက်မှုတွေမှာ ပါဝင်ပါ။ လူမှုဆက်ဆံရေးကောင်းမွန်သူဖြစ်အောင် ကြိုးစားပါ။

၅။ ပညာရေးကိုလိုက်စားပါ။ ပညာရှိစွာကျင့်ကြံနေထိုင်ပါ။ အမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ်ပိုင်ဉာဏ်စွမ်းတွေကို ထုတ်မသုံးဘဲဖုံးကွယ်ထားတာဟာ ကမ္ဘာကြီးအတွက်တော့ ကြီးမားတဲ့ဆုံးရှုံးမှုပါပဲ။

၆။ ဒေါက်ဖိနပ်စီးပြီး လွယ်ကူစွာလမ်းလျှောက်နိုင်အောင် လေ့ကျင့်ပါ။ ဒေါက်ဖိနပ်တွေမစီးနိုင်ဘူးဆိုရင်လည်း စမတ်ကျပြီး လှပတဲ့ ဖိနပ်အပါးလေးတွေ စီးပါ။

၇။ ထိပ်တိုက်ရင်ဆိုင်ရတဲ့ တင်းမာမှုတွေကို အလိမ္မာသုံးပြီး ပညာသားပါပါ ကိုင်တွယ်ဖြေရှင်းပါ။ သဘောထားချင်းမတိုက်ဆိုင်တဲ့သူတွေရဲ့ အမြင်တွေကိုလက်ခံပေးပါ။ သဘောထားကွဲလွဲခွင့်က လူတိုင်းမှာရှိပါတယ်။

၈။ Social media တွေကို အသုံးပြုတဲ့အခါ စည်းနဲ့ဘောင်နဲ့ ကိုယ့်ပုံရိပ်ကို မြှင့်တင်စေနိုင်တဲ့နည်းလမ်းနဲ့ပဲ သုံးပါ။  Facebook တွေ၊ လူမှုကွန်ရက်တွေသုံးရတာ လွယ်လွန်းလာတဲ့ခေတ်ကြီးမှာ အင်တာနက်ကနေ အမှားလုပ်မိဖို့ကလည်း သိပ်ကို လွယ်ကူလာပါပြီ။

၉။ အကူအညီလိုရင် တောင်းဖို့ ဝန်မလေးပါနဲ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၁ဝ။ တယ်လီဖုန်းပြောတဲ့အခါ လိုက်နာစောင့်ထိန်းသင့်တဲ့ ကျင့်ဝတ်တွေကို သိထားပါ။

၁၁။ လူတိုင်းကို ကိုယ်ချင်းစာတရားထားပြီး ကြင်ကြင်နာနာဆက်ဆံပါ။

၁၂။ မိန်းမတစ်ယောက်ဖြစ်နေတာကြောင့် သိမ်ငယ်တဲ့စိတ်မျိုးမမွေးမိပါစေနဲ့။ အမျိုးသမီးတွေမှာလည်း အမျိုးသားတွေနဲ့ ရင်ဘောင်တန်းခွင့်ရှိပါတယ်။

၁၃။ ရှုံးနိမ့်မှုတွေကို တည်ငြိမ်စွာ လက်ခံပါ။ ရှုံးနိမ့်မှုဆိုတာ လူတိုင်းကြုံရမယ့်အရာပါ။ ရှုံးနိမ့်မှုတွေကနေ သင်ခန်းစာယူပြီး ရှေ့ဆက်ကြိုးစားလိုက်ပါ။

၁၄။ စိတ်ဝင်စားစရာကောင်းတဲ့ အမျိုးသမီးတစ်ယောက်၊ နှစ်ယောက်ရှိမလာနိုင်တဲ့ ပြိုင်စံရှားမိန်းမတစ်ယောက်ဖြစ်လာအောင် ကြိုးစားပါ။

၁၅။ ဘဝဖြတ်သန်းဖို့အတွက် ယောက်ျားတစ်ယောက်ကို လိုအပ်တဲ့ မိန်းမမျိုးမဖြစ်ပါစေနဲ့။ ပုရိသတိုင်း မက်မောကြတဲ့ ပန်းကောင်းတစ်ပွင့်ဖြစ်အောင် ကြိုးစားပါ။

၁၆။ သင့်ရဲ့တန်ဖိုးကို သိပါ။ သင်နဲ့ထိုက်တန်တဲ့အရာတွေထက် နိမ့်ကျတဲ့အရာတွေကို ဘဝမှာ နေရာမပေးပါနဲ့။

၁၇။ ထိုင်တဲ့အခါ ခြေထောက်တွေကို ချိတ်၊ ခါးမတ်မတ်ထားပြီးထိုင်ပါ။

၁၈။ သင့်ရဲ့နေထိုင်မှုပုံစံက သင့်ဘဝအဆင့်ကိုနိမ့်ကျစေတာမျိုးမဖြစ်အောင် ဆင်ခြင်ပါ။

၁၉။ သင့်ရဲ့စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ကြောက်စိတ်တွေကိုဖယ်ပြီး စိတ်ရောကိုယ်ပါနှစ်ပြီး ကြိုးစားပါ။

၂ဝ။ ကောင်းသော ကျော်ကြားခြင်းတွေနဲ့ပဲ နာမည်တစ်ခုကို တည်ဆောက်ပါ။ အတိတ်ရဲ့အရိပ်တွေ ဖုံးလွှမ်းနေသမျှ လူတွေရဲ့ အထင်ကြီးလေးစားခြင်းနဲ့ သဘောကျနှစ်သက်ခြင်းကို ရလာမှာမဟုတ်ဘူး။

၂၁။ သင့်ခင်ပွန်း၊ ချစ်သူရဲ့ အရှိန်အဝါကြောင့် ဂုဏ်ရှိရတာထက် သင့်ရဲ့ ကြိုးစားမှု၊ အောင်မြင်မှုတွေကို ဂုဏ်ယူနိုင်အောင် ကြိုးစားပါ။

၂၂။ ကတ္ကသိုလ်ကျောင်းတက်တယ်ဆိုတာ ပညာသင်ဖို့ပါ။ အိမ်ထောင်ဖက်ရှာဖို့ မဟုတ်ဘူးဆိုတာကို သိထားပါ။

၂၃။ ရယ်မောပါ။ မိန်းမတစ်ယောက်ရဲ့ ရယ်သံက အနီးအနားကလူတွေကိုပါ အပျော်တွေ ကူးစက်စေပါတယ်။

၂၄။ နေ့ရက်တိုင်းကို လှပစွာဖြတ်သန်းပါ။ လူတိုင်းမှာ အလှတရားတစ်ခုစီတော့ ရှိကြပါတယ်။ ကိုယ့်ရဲ့အလှတရားကို ကိုယ်တိုင်ရှာဖွေဖော်ထုတ်ပါ။

၂၅။ ပျော်ရွှင်မှုကိုရှာပါ။ မပျော်ရွှင်ရတဲ့အချိန်တွေအတွက် ခွဲဝေပေးဖို့ ဘဝဟာတိုတောင်းလွန်းလှပါတယ်။ ပြီးတော့ ပျော်ရွှင်မှုမရှိတဲ့ အမျိုးသမီးတစ်ယောက်မှာ လှပမှုနဲ့ ဆွဲဆောင်မှုဆိုတာလည်း မရှိနိုင်ပါဘူး။

၂၆။ သင့်ကိုသင် ဦးစားပေးဖို့ နှစ်ခါပြန်မစဉ်းစားပါနဲ့။

၂၇။ သင့်ရည်မှန်းချက်တွေကို ဖြစ်မြောက်အောင် အကောင်အထည်ဖော်ရာမှာ သင့်ကိုယ်သင် အပြစ်ရှိတယ်လို့ မယူဆပါနဲ့။ ဝင်ငွေရတဲ့ အလုပ်တစ်ခုရှိခြင်းက အိမ်မှာပဲနေနေရတဲ့ အိမ်ရှင်မထက်တော့ သာပါတယ်။

၂၈။ အိမ်မှာနေပြီး ကလေးထိန်းရင်း အပိုဝင်ငွေရဖို့ အလုပ်အခွင့်အလမ်းရှာတဲ့အခါ ရှက်စိတ်မဝင်ပါနဲ့။ သင့်ဝင်ငွေကို သင်ကိုယ်တိုင်ရှာနိုင်တာဟာ မိသားစုအတွက်လည်း ကောင်းကျိုးများစွာဖြစ်စေပါတယ်။

၂၉။ အမျိုးသမီးအချင်းချင်း လေးစားတန်ဖိုးထားပြီး ဆက်ဆံပါ။ ဗဟုသုတ အတွေးအမြင်လေးတွေ ဝေမျှပေးပါ။

၃ဝ။ ဘယ်လိုဘဝအခြေအနေမျိုးမှာမဆို ငွေကြေးကို ကောင်းစွာစီမံခန့်ခွဲပြီးမှ သုံးပါ။

၃၁။ သင်လက်မခံနိုင်တဲ့တောင်းဆိုမှုတွေကို ခေါင်းခါပြီးငြင်းပစ်ဖို့ ဝန်မလေးပါနဲ့။

၃၂။ သင့်ဘဝကို သင့်ဆုံးဖြတ်ချက်နဲ့ ကိုယ်တိုင်ဖြတ်သန်းပါ။ ဘယ်သူချုပ်ကိုင်ခြယ်လှယ်တာကိုမှ လက်မခံပါနဲ့။

၃၃။ ယောက်ျားတစ်ယောက်ရဲ့ နှိမ်ချဆက်ဆံမှုတွေကို ဘာအကြောင်းကြောင့်မှ လက်မခံပါနဲ့။

၃၄။ သင်ဖြစ်ချင်တဲ့ဘဝကို ပုံဖော်ကြည့်ပါ။ သမီးတစ်ယောက်အဖြစ်၊ ဇနီးမယားတစ်ယောက်အဖြစ်၊ မိခင်တစ်ယောက်အဖြစ်၊ သူဌေးမကြီးတစ်ယောက်အဖြစ်၊ ဆရာမတစ်ယောက်အဖြစ် စသည်ဖြင့် သင့်ဘဝဖြတ်သန်းမှုပုံစံအမျိုးမျိုးရှိနေပါတယ်။

၃၅။ နောက်ဆုံးအချက်ကတော့ ကိုယ့်ကိုယ်ကို လေးစားပါ။ ကိုယ့်ကိုယ်ကိုလေးစားမှ သူများတွေလည်း ကိုယ့်ကိုလေးစားမှာပါ။

အမျိုးသမီးအချင်းချင်း တန်ဖိုးမြှင့်တင်တဲ့အနေနဲ့ SHARE လိုက်ပါနော်။