အေဗရာဟမ် လင်ကွန်း(Abraham Lincoln) မှ ဆရာ့ထံသို့ ပေးစာ

blank

သို့ လေးစားရပါသောဆရာ။

ဆရာ………

ကျွန်တော်ကတော့ အေဗရာဟမ် လင်ကွန်း (Abraham Lincoln) ပါ။ ဒီနေ့ပဲ ကျွန်တော့်သားဟာ ဆရာ့ကျောင်းမှာ ကျောင်းစတက်ပါတယ်။ အိမ်နဲ့ခွဲပြီး ပထမဆုံး ကျောင်းစတက်တဲ့အချိန်ဖြစ်တာမို့ သူ့အတွက် အရာအားလုံးဟာ အထူးအဆန်းတွေ ဖြစ်နေမှာပါ။ ဒါဟာ သူ့အတွက်တော့ စွန့်စားခန်းကြီးတစ်ခုလို ဖြစ်နေမှာပါပဲ။ ဒီစွန့်စားမှုတွေကို လုပ်နိုင်ဖို့အတွက် ချစ်ခြင်းမေတ္တာတွေကို ဆရာတို့က လုံလုံလောက်လောက်ပေးပြီး သတ္တိတွေရှိလာအောင်လည်း ဆရာတို့က ဂရုတစိုက်နဲ့ သင်ကြားပြသပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ဒါကြောင့်မို့ ဆရာရေ သူ သိရမယ့်အရာတွေကို တတ်နိုင်သလောက် ညင်ညင်သာသာ သင်ပြပေးပါနော်။ ရန်သူတိုင်းမှာတောင် မိတ်ဆွေတစ်ယောက်ရှိတယ်၊ လူတိုင်းကလည်း မမှန်နိုင်ဘူးဆိုတာကို သူ သိအောင် သင်ပြပေးပါ။ လူပြောင်လူပျက်ကလေးတွေမှာလည်း သူတို့ လေးစားရတဲ့ သူရဲကောင်းတစ်ယောက်ရှိပြီးတော့ ဉာဏ်နီဉာဏ်နက်များတဲ့ နိုင်ငံရေးသမားတိုင်းမှာလည်း သူ ကြည်ညိုရတဲ့ ခေါင်းဆောင်တစ်ယောက်ရှိပါတယ် ဆိုတာကိုပါ ပြောပြပေးပါ။
ကိုယ့် လုပ်အားနဲ့ ရှာဖွေထားရတဲ့ တစ်ဒေါ်လာဟာ ကောက်တွေ့တဲ့ ဆယ်ဒ်ါလာ ထက် အများကြီးတန်ဖိုးရှိတယ်ဆိုတာ သင်ပြပေးပါ။ စာမေးပွဲ မှာ ခိုးချပြီး အောင်သွားတာထက် ကျတာက ပိုဂုဏ်ရှိကြောင်း ပြောပြပေးပါ။ ဘယ်လိုဂုဏ်သရေရှိရှိ ရှုံးနိမ့်ရမယ်ဆိုတာကို သင်ပြပေးပြီး နိုင်တဲ့အခါမှာလည်း အောင်မြင်မှုကို ကောင်းကောင်းကျေနပ် ပျော်ရွှင်သင့်ကြောင်းပါ ပြောပြပေးပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

နူးညံ့ရမယ့် သူတွေကို နူးညံ့စွာဆက်ဆံပြီး ကြမ်းတမ်းရမယ့်နေရာတွေမှာလည်း ကြမ်းတမ်းတတ်အောင် သင်ပေးပါ။ မနာလို မဖြစ်တတ်အောင် သင်ပေးပြီး တိတ်တဆိတ် အောင်မြင်တတ်အောင်လည်း သင်ပေးပါ။ ဝမ်းနည်းတဲ့အချိန်မှာ ဘယ်လိုရယ်မောရမယ် ဆိုတာ ကို သင်ပြပေးပြီး ငိုကြွေးခြင်းဟာလဲ ရှက်စရာမဟုတ်တာကို ပြောပြပေးပါ။ ကျရှုံးမှုမှာ ဂုဏ်ရှိတတ်ပြီး အောင်မြင်မှုမှာလည်း စိတ်အားငယ်မှုတွေရှိနိုင်တာ ပြောပြပေးပါ။ တစ်ချိန်လုံး လိုက်အပြစ်ပြောနေတဲ့သူတွေကို ဂရုမစိုက်တတ်ဖို့ သင်ပြပေးပါ။

ကောင်းကင်ပေါ်က ငှက်တွေရဲ့ ထူးဆန်းမှုတွေ၊ တောင်တန်းတွေပေါ်က ပျားတွေ၊ ပန်းတွေရဲ့ အကြောင်းတွေကိုလည်း သင်ပြပေးပါ။ လူတွေအားလုံးက မှားတယ်ပြောနေရင်တောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ထားဖို့ သင်ပြပေးပါ။

လူအများလုပ်နေတိုင်း လိုက်မလုပ်တတ်အောင် သင်ပြပေးပါ။ လူတိုင်း ပြောတာတွေကို နားထောင်ပေမယ့် ကောင်းတာတွေပဲ ယူတတ်ဖို့၊ အမှားအမှန်ခွဲနိုင်ဖို့ သင်ပြပေးပါ။

သူ့ အရည်အချင်းတွေကို ကောင်းကောင်း တန်ဖိုးထားနိုင်မယ့် သူဆီမှာပဲ အသုံးချပြီး သူ့စိတ်နဲ့ နှလုံးကိုတော့ ဘယ်တော့မှ ဈေးမသတ်မှတ်မိဖို့ သင်ပြပေးပါ။ သူ့ကို ရဲရင့်မှုအတွက် သတ္တိရှိအောင် ပြောပြပေးပါ။ သူ့ကိုယ်သူ ယုံကြည်မှု ကောင်းကောင်း ထားနိုင်ပါစေ။ သူ့ကိုယ်သူ ယုံကြည်မှုရှိမှ လူတွေအပေါ်မှာကော၊ ဘုရားသခင်အပေါ်မှာပါ ယုံကြည်လာနိုင်မှာမို့ပါ။
ဆရာ အကောင်းဆုံး ဘာတွေလုပ်ပြနိုင်တယ် ဆိုတာ မြင်ပါရစေ။ သူ က ကျွန်တော့်သား ဖြစ်ပြီးတော့ သဘောကောင်းတဲ့ ကလေးလေးလည်း ဖြစ်ပါတယ်။

– အေဗရာဟမ် လင်ကွန်း (Abraham Lincoln)