မျက်စိသူငယ်အိမ်ကျယ်နေခြင်းရဲ့ နောက်ကွယ်ကအကြောင်းရင်းများ

မျက်လုံးတွေဆိုတာ စိတ်နှလုံးရဲ့ တံခါးပေါက်တွေပါပဲ။ မျက်လုံးတွေကို ကြည့်ပြီး သိနိုင်တာတွေ အများကြီးရှိပါတယ်။ ဥပမာ- သာမန်ထက်ပိုပြီး ကျယ်နေတဲ့ သူငယ်အိမ်ဟာ အကြောင်းအရာအများကြီးကို ဖော်ညွှန်းနေပါတယ်။

တစ်စုံတစ်ယောက်ရဲ့မျက်လုံးကို ကြည့်လိုက်လို့ သူငယ်အိမ်ကျယ်နေတယ်ဆိုတာ အောက်ပါအကြောင်းရင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။

၁။ တစ်ခုခုကို လေးလေးနက်နက် စဉ်းစားနေလို့

ရှုပ်ထွေးတဲ့ ကိစ္စတစ်ခုခုကို အာရုံစိုက်ပြီး စဉ်းစားလုပ်ဆောင်ရလေလေ၊ သူငယ်အိမ်က ကျယ်လာလေလေပါပဲ။

၂။ ဦးနှောက်မှာ ထိခိုက်မှုတစ်ခုခု ဖြစ်လာလို့

တစ်ခုခုထိခိုက်ပြီး ဆေးရုံရောက်သွားတဲ့အချိန်မှာ ဆရာဝန်က မျက်လုံးကို ဓာတ်မီးလေးနဲ့ ထိုးကြည့်တယ်ဆိုတာ သူငယ်အိမ်အလုပ်လုပ် မလုပ် သိချင်လို့ပါ။ သူငယ်အိမ်က မီးရောင်ကို မတုံ့ပြန်ဘူး၊ မဝိုင်းဘူး၊ တစ်ဖက်နဲ့တစ်ဖက် မညီဘူးဆိုရင် ဒါဟာ ဦးနှောက်မှာ တစ်ခုခု ထိခိုက်လာလို့ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ စကားတွေကို အာရုံစိုက်ပြီးနားထောင်နေလို့

ကြားနေရတဲ့စကားတွေကို အာရုံစိုက်ပြီး နားထောင်နေရတဲ့အခါတွေမှာ သူငယ်အိမ်က ပိုကျယ်လာပြီး တော်တော်ကြာတဲ့အထိ ပြန်ကျဉ်းမသွားတတ်ပါဘူး။

၎။ လိင်ပိုင်းဆိုင်ရာ စိတ်တက်ကြွမှုဖြစ်နေလို့

အမျိုးသားတွေရော၊ အမျိုးသမီးတွေမှာပါ လိင်စိတ်တက်ကြွမှုဖြစ်နေတယ်ဆိုရင် သူငယ်အိမ်တွေ ကျယ်လာတတ်ပါတယ်။

၅။ နာကျင်နေလို့

ခန္ဓာကိုယ်တစ်နေရာရာမှာ နာကျင်မှုကို ခံစားနေရရင်လည်း သူငယ်အိမ်တွေ ကျယ်လာတတ်ပါတယ်။

၆။ မူးယစ်ဆေးဝါးတစ်ခုခု သုံးထားလို့

အမ်ဖက်တမင်း၊ ကိုကင်း၊ LSD နဲ့ မက်စကလင်း တို့လိုမျိုး လူကို ထိုင်းမှိုင်းမူးဝေစေတဲ့ဆေးဝါးတွေ၊ စိတ်ကြွဆေးတွေ သုံးစွဲမှီဝဲထားရင်လည်း သူငယ်အိမ်ကျယ်နေတတ်ပါတယ်။

မှတ်သားစရာ စာစောင်လေးဖြစ်တာကြောင့် SHARE လိုက်ပါဦးနော်။