လက်ကျန်ဘဝကို အဓိပ္ပာယ်ရှိရှိရှင်သန်ဖို့ ဒါလေးဖတ်ကြည့်ပါ။

မိတ်ဆွေ…

ကျွန်မတို့အပါအဝင် လူအများစုက သေဆုံးမယ့်အချိန်ဆိုတာကြီးကို ကြောက်ကြပါတယ်။ တကယ် တော့ ကျွန်မတို့ကြောက်သင့်တဲ့အရာက သေခြင်းတရားမဟုတ်ပါဘူး။ အသက်ရှင်သန်နေချိန်မှာ ဘဝကို အဓိပ္ပာယ်ရှိရှိ ရှင်သန်ခွင့်မရမှာကိုသာ ကြောက်ရမှာပါ။

သေချာသတိထားကြည့်ပါ။ ဘဝဆိုတာ အနိမ့်အမြင့်အတက်အကျတွေနဲ့ ဖွဲ့စည်းထားတဲ့ အရာပါ။ အဲ့ဒီ အချက်တွေကိုက ဘဝကို ရှင်သန်နေစေတဲ့ အဓိပ္ပာယ်ပါပဲ။ လူတိုင်းရဲ့ဘဝမှာ လှည့်ကွက်တွေ၊ အချိုး အကွေ့ တွေ၊ အချစ်တွေ၊ ဆုံးရှုံးမှုတွေ၊ ပျော်စရာ၊ ဝမ်းနည်းစရာတွေ၊ အောင်မြင်မှု၊ ကျဆုံးမှုတွေ၊ အမြင့်တွေ၊ အထွတ် အထိပ်တွေနဲ့ ပြည့်နေတာပါ။ ပြီးတော့ တစ်ပြိုင်နက်တည်းမှာပဲ ခက်ခဲကြမ်းတမ်းမှုတွေ၊ နိမ့်ကျမှုတွေ၊ မာန်လျှော့ရတဲ့အချိန်တွေကိုလည်း ရှောင်လွှဲလို့ မရပါဘူး။ ဘာနဲ့တူသလဲဆိုရင် ကြီးမားတဲ့ ရိုလာကိုစတာကြီး ပေါ် ရောက်နေရသလိုပါပဲ။

စထွက်တုန်းကတော့ ဖြည်းဖြည်းချင်းပါပဲ။ ပြီးတော့ သင့်ကို အပေါ်ထိခေါ်ဆောင်သွားတယ်။ ပြီးတော့ အောက်ပြန်ကျတယ်။ တဖြည်းဖြည်းနဲ့မြန်ဆန်လာပြီး အပေါ်ထပ်ပို့လိုက်ပြန်တယ်။ တကယ့်ကို အသည်းယား စရာကောင်းတဲ့အခြေအနေပေမဲ့ ကျွန်မတို့ ပျော်ကြတယ်။ ရယ်ကြတယ်။ ကျွန်မတို့ကြောက်ရတဲ့ အခိုက်အတန့် အချိန်လေးမှာပဲ ရိုလာကိုစတာကြီးကို ကျွန်မတို့ ရပ်စေချင်ကြတာပါ။ အဲ့ဒီအချိန်ကို ကျော်လွှားနိုင်ဖို့ ကျွန်မတို့ မျှော်လင့်ကြတယ်။ ပြီးတော့ ဆက်သွားတယ်။

ဒီလိုပါပဲ လူတိုင်းရဲ့ဘဝမှာလည်း အတက်အကျတွေရှိနေကြတာပါ။ သင့်ခန္ဓာကိုယ်ဆိုတာလည်း ပြောင်းလဲနေတာပါပဲ။ ၂ ပတ်ကနေ ၄ ပတ်အတွင်း သင့်အရေပြားအသစ်လဲတယ်။ သင့်သွေးနီဆဲလ်တွေ ဆိုတာ လွန်ခဲ့တဲ့ နှစ်ဝက်ကထက် လျော့နည်းသွားကြပါပြီ။ ကမ္ဘာကြီးကလည်း ပြောင်းလဲနေတယ်။ လူတွေ အားလုံးကလည်း ပြောင်းလဲနေကြတယ်။ ကျွန်မတို့ကိုယ်တိုင်လည်း အမြဲတမ်းပြောင်းလဲနေတယ်။

ဒါပေမဲ့ ကျွန်မတို့က ဒီအတိုင်းဆက်ရှိစေချင်နေကြတယ်။ တစ်နေရာတည်းမှာ အခြေကျနေမှ ဘဝလုံ ခြုံမှုရှိတယ်လို့ တွေးကြတယ်။ အနိမ့်အမြင့်၊ အတက်အကျတွေရှိတဲ့ဘဝကို သဘောမပေါက်ကြပါဘူး။ တကယ် တော့ အနိမ့်အမြင့်၊ အတက်အကျတွေနဲ့ ရုန်းကန်လှုပ်ရှားနေမှ ရှင်သန်တဲ့ဘဝလို့ခေါ်တာပါ။ ဘာလှုပ်ရှားမှုမှ မရှိတဲ့ ဘဝက ရှင်သန်နေတာမဟုတ်ပါဘူး။ ဒါကြောင့်မို့ ဘဝဆိုတဲ့ခရီးမှာ ကျွန်မတို့တွေဟာ စိတ်ချမ်းသာမှု တွေနဲ့ နာကျင်စရာတွေကို တစ်လှည့်စီဖြတ်သန်းကြရမှာပါပဲ။ နေသာတဲ့အခါ သာမယ်။ မိုးရွာတဲ့အခါ ရွာမယ်။ ပိုင်ဆိုင်တဲ့အခါ ရှိမယ်။ ဆုံးရှုံးတဲ့အခါ ဆုံးရှုံးမယ်။ ဘာတွေပဲ ကြုံလာလာ ရှေ့ဆက်ရမှာပါပဲ။ ခဏကြုံရတဲ့ အ ခိုက်အတန့်လေးနဲ့ မဆုံးဖြတ်လိုက်ပါနဲ့။ အပေါ်တက်နေချိန်မှာပဲ ဆွဲထားဖို့လည်း မကြိုးစားလိုက်ပါနဲ့။ အခက် အခဲတွေဆိုတာလည်း သင့်ဘဝကို ရှေ့ဆက်သွားဖို့ တွန်းအားပေးနိုင်လို့ပါ။ ပြီးတော့ ဒါလေးတွေကို အမြဲသတိ ရပါ။ ဒီမနက်ခင်းမှာ သင်ကျန်းမာနေသေးတယ်ဆိုရင် ဒီတစ်ပတ်ထဲ အသက်မရှင်နိုင်တော့တဲ့ သန်းနဲ့ချီတဲ့ လူတွေထက် သင်က ပိုပျော်ရွှင်နေရသူပါ။

  • သင့်ရေခဲသေတ္တာထဲမှာ စားစရာတွေရှိနေရင်
  • သင့်ခြေထောက်မှာ ဖိနပ်ရှိနေတယ်ဆိုရင်
  • သင့်ခန္ဓာကိုယ်ပေါ်မှာ အဝတ်အစားတွေ ရှိနေတယ်ဆိုရင်
  • သင့်အိပ်ရာပေါ်မှာ သင်အိပ်စက်ခွင့်ရနေသေးတယ်ဆိုရင်
  • သင့်ခေါင်းပေါ်မှာ အမိုးအကာတွေရှိနေတယ်ဆိုရင်

သင်က ကမ္ဘာလူဦးရေ ၇၅ ရာခိုင်နှုန်းထက် ချမ်းသာနေသူပါ။

  • သင့်မှာ ဘဏ်အကောင့်တစ်ခုရှိနေတယ်ဆိုရင်
  • သင့်ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံရှိနေတယ်ဆိုရင်
  • သင့်စုဘူးထဲမှာ အကြွေစေ့တွေရှိနေတယ်ဆိုရင်

သင်ဟာ ကမ္ဘာ့အချမ်းသာဆုံး ၈ ရာခိုင်နှုန်းထဲမှာ ပါဝင်နေသူပါ။

ဒါကြောင့် ဘဝအနိမ့်အမြင့်အတက်အကျတွေကြောင့် ဘယ်တော့မှ စိတ်မပျက်ပါနဲ့။ အရာရာကို ကျွန်မတို့ ပြောင်းလဲမပစ်နိုင်ပေမဲ့ ကျွန်မတို့ရဲ့အမြင်တွေကို ကျွန်မတို့ ပြောင်းလဲလို့ရပါတယ်။ အရာရာအပေါ် ကျွန်မတို့ ရှုမြင်မှုနည်းလမ်းတွေကို ပြောင်းလဲပစ်လိုက်တဲ့အခါ ကျွန်မတို့မြင်ရတဲ့အရာတွေကလည်း ပြောင်းလဲသွားကြမှာ ပါပဲ။

ပြောချင်တဲ့ ခံစားချက်လေးတွေရှိရင် comment box မှာ မျှဝေခဲ့ပါနော်။