ဘဝ ရိုက်ချက်တွေကြောင့် ပြောင်းလဲတော့မယ်ဆိုရင်

blank

ဘဝက ရိုက်ခတ်လိုက်တဲ့အခါ သင်ပြောင်းလဲသွားတယ်။ လူတွေက သင့်ကို လက်ညှိုးငေါက်ငေါက်ထိုးလိုက်တဲ့အခါ သင့်ကိုယ်သင်ချစ်တာ ရပ်လိုက်တယ်။

အခက်အခဲတွေကြုံတွေ့ရတဲ့အခါ အခြားလူတွေနဲ့ အခြေအနေတွေကို သင်အပြစ်တင်လိုက်တယ်။

ဒါပေမဲ့ သင်သိလား.. ဘဝကောင်းကင်ဆိုတာ သက်တံ့တွေနဲ့ ဖန်တီးထားတဲ့ အပြာရောင် မိုးသားတွေချည်း ရှိနေတဲ့ အရာမဟုတ်ဘူး။

ဘဝမှာ တိမ်မည်းတွေ၊ လျှပ်စီးတွေ မုန်တိုင်းတွေလည်း ရောပါနေတဲ့ မိုးလေဝသလိုပါပဲ။ သင်လက်ခံချင်ချင် လက်မခံချင်ချင် ဘဝဆိုတာ ရက်စက်တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သင့်ခြေထောက်တွေကို ချိုးချလိမ့်မယ်.. သင့်မျှော်လင့်ချက်တွေကို ထိုးချလိမ့်မယ်။

သင်အမြင့်ရောက်သွားတဲ့အခါ မြဲနေလိမ့်မယ်လို့ ထင်မနေနဲ့ သင့်ကို ဆွဲချဖို့ အကြောင်းတရား ပေါင်းများစွာရှိနေနိုင်တယ်။ ဒါပေမဲ့ အရေးကြီးတာက ရိုက်ချက်တွေက ဘယ်လောက်ပြင်းလဲဆိုတာ အရေးမကြီးပါဘူး။ ရိုက်ချက်တွေကို ဘယ်လောက်ခံနိုင်ရည်ရှိလဲ.. ဘယ်လောက် ရှေ့ဆက်သွားနိုင်လဲဆိုတာပဲ အရေးကြီးတာပါ။

ဘာတွေပဲဖြစ်လာဖြစ်လာ အရှေ့ကိုရွေ့နေတာဟာ သင့်တန်ဖိုးကို သက်သေပြဖို့ အချိန်ကောင်းတစ်ခုပါ။ ရိုက်ခတ်မှုတွေ ခံရတဲ့အခါ ဘယ်သူဘယ်ဝါကြောင့်ဖြစ်တယ်ဆိုပြီး လက်ညှိုးထိုးတတ်တာက သူရဲဘောကြောင်တဲ့သူတွေရဲ့ အလုပ်ပါ။ သင်က သူရဲဘောကြောင်တဲ့သူလား။ သတ္တိရှိတဲ့သူလား။

ဘဝ ရိုက်ချက်တွေကြောင့် ပြောင်းလဲတော့မယ်ဆိုရင်… အကောင်းဘက်ကို ပြောင်းလဲမှာလား…

အဆိုးဘက်ကို ပြောင်းလဲမလား… သင့်ကိုယ်သင်မေးကြည့်ပါ။

သူများတွေရဲ့ လက်ညှိုးတွေက သင့်အနာဂတ်ကို လှမ်းမယ့်ခြေထောက်တွေကို မရိုက်ချိုးပါစေနဲ့။