အွန်လိုင်းအကြမ်းဖက်မှုဆိုတာ ဘာလဲ။ ဘယ်လိုတွန်းလှန်မလဲ။

blank

          လူတိုင်းအင်တာနက်အသုံးပြုနေကြတဲ့ ယနေ့ခေတ်ကြီးမှာ အွန်လိုင်းပေါ်ကနေ အကြမ်းဖက်မှုတွေကို လည်း မကြာခဏဆိုသလို တွေ့မြင်နေရပါတယ်။ တချို့သော အကြမ်းဖက်မှုတွေဆိုရင် ခံစားရသူကာယကံရှင် အနေနဲ့ ဘဝပျက်တာ၊ သေကြောင်းကြံစည်တာမျိုးတွေအထိဖြစ်သွားကြတာမို့ ဒါဟာ ကြောက်မက်စရာ အန္တ ရာယ်တစ်ခုအသွင်ဆောင်နေပါပြီ။

အွန်လိုင်းအကြမ်းဖက်မှုဆိုတာဘာလဲ။

အွန်လိုင်းအကြမ်းဖက်မှုဆိုတာ လူမှုကွန်ရက်၊ ဒါမှမဟုတ် အွန်လိုင်းပေါ်မှာ အီးမေးလ်နဲ့ဖြစ်စေ၊ စာနဲ့ ဖြစ်စေ တိုက်ခိုက်တဲ့ပုံစံတစ်ခုဖြစ်ပါတယ်။ ဥပမာအားဖြင့်…

  • ဖေ့ဘွတ်ခ် ပေါ်မှာ သင့်ကို တိုက်ခိုက်တဲ့စာတွေ၊ စော်ကားမော်ကားတွေ ရေးသားခြင်း
  • ပို့စ်တွေ၊ ဗွီဒီယိုတွေမှာ ထိပါးတိုက်ခိုက်တဲ့ ကွန်မန့်တွေ၊ မက်ဆေ့ခ်ျတွေ ရေးသားခြင်း
  • ကောလာဟလတွေ ဖြန့်ခြင်း
  • သင့်အွန်လိုင်းအကောင့်ကို ဟက်(hack) ခြင်း
  • ထိပါးတိုက်ခိုက်တဲ့ပုံတွေတင်ခြင်း

တို့ဖြစ်ပါတယ်။ အွန်လိုင်းတိုက်ခိုက်ခြင်းဟာ ဘယ်သူမဆိုဖြစ်နိုင်ပါတယ်။ အများအားဖြင့်တော့ တိုက် ခိုက်သူတွေဟာ သူတို့ဘဝ အမှန်၊ သူတို့အမည်ကို မဖော်ဘဲနဲ့ တိုက်ခိုက်ကြပါတယ်။ ဒါက လူချင်းမျက်နှာချင်း ဆိုင်တွေ့ပြီး စော်ကားတိုက်ခိုက်တာလိုပဲ အရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်။

သင်၊ ဒါမှမဟုတ် သင့်သူငယ်ချင်းတစ်ယောက်ယောက်က အွန်လိုင်းပေါ်မှာ အဲ့လိုအခြေအနေ ကြုံတွေ့ လာရမယ်ဆိုရင် ဘယ်လိုကာကွယ်မလဲ။ ဘယ်လိုတုံ့ပြန်မလဲ။

  • သင့် password ကို လုံးဝမပေါက်ကြားအောင် ထိန်းသိမ်းပါ။
  • သင့်သူငယ်ချင်းတွေကို စီစစ်ပြီးလက်ခံပါ။
  • တခြားသူနာကျင်စေမယ့်ကိစ္စတွေကို ဟာသအနေနဲ့ပဲဖြစ်ဖြစ် အွန်လိုင်းပေါ်တင်တာရှောင်ပါ။
  • ဒေါသထွက်နေချိန်မှာ မက်ဆေ့ခ်ျမပို့ဘဲ နေပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အဲ့ဒါကို ဘယ်လိုဖြေရှင်းမလဲ။
  • သင့်စိတ်ထဲမှာ ဒေါသနဲ့တုံ့ပြန်ချင်နေရင်တောင်မှ လုံးဝ reply မပြန်ပါနဲ့။ သူတို့တွေရဲ့ ရည်ရွယ် ချက်က သင်ဝမ်းနည်းတာ၊ စိုးရိမ်တာကိုလိုချင်ကြတာမို့ အဲ့ဒီအခွင့်အရေးကို သင်မပေးဘူးဆိုရင် သူတို့ပျင်းလာပြီး သင့်ကို ထားရစ်ခဲ့ကြမှာပါ။
  • လူမှုကွန်ရက်အသုံးပြုမှုနဲ့ပတ်သက်ပြီး သေချာသိအောင်လေ့လာပါ။ သင့်ကို တိုက်ခိုက်နေသူတွေကို report ဘယ်လိုထုမလဲ၊ သင်မလိုချင်တဲ့အသုံးပြုသူတွေကို သင့် page ထဲက ဘယ်လိုထုတ်ပစ်မလဲ ဆိုတာ website သို့မဟုတ် app ကနေ မေးမြန်းလို့ရပါတယ်။
  • အွန်လိုင်းမသုံးပါနဲ့။ သင့်ဘဝရဲ့အစိတ်အပိုင်းတိုင်းကို တိုက်ခိုက်ခံနေရသလို ခံစားနေရတယ်ဆိုရင် သင့်ကွန်ပျူတာ၊ သင့်ဖုန်းကို အချိန်မရွေးပိတ်ပစ်လို့ရတယ်ဆိုတာ သတိရပါ။
  • သင်အသုံးပြုတဲ့အင်တာနက်ဝန်ဆောင်မှု၊ ဒါမှမဟုတ် သင့်ဖုန်းကုမ္ပဏီကို အကြောင်းကြားပါ။ သူတို့က သင်မလိုအပ်တဲ့သူတွေဆီက အွန်လိုင်းမက်ဆေ့ခ်ျ၊ ဖုန်းကောလ်နဲ့ စာတွေကို ဘလော့ခ်(block)ပေး နိုင်ပါတယ်။
  • သင့်ရဲ့ဆက်သွယ်မှုတွေကို အသေးစိတ်ပြန်ပြောင်းပါ။ နာမည်အသစ်၊ အီးမေးလ်သစ် ဖွင့်ပါ။ ဖုန်းနံပါတ် အသစ်ပြန်ပြောင်းပြီး သင့်အရင်းနှီးဆုံးသူငယ်ချင်းတွေကိုသာ ဖုန်းနံပါတ်ပေးပါ။ ဒါဟာ သင်ဟာ သင့်ဘဝထဲမှာပဲ ရှိနေသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။
  • တစ်ယောက်ယောက်ကို ပြောပြပါ။ အဲ့ဒါက သင့်ကို အနှောင့်အယှက်ဖြစ်စေတယ်ဆိုရင်တောင် တိတ် ဆိတ်မနေပါနဲ့။  သင့်မိဘတွေစိတ်ပူမှာကို စိုးရိမ်တယ်ဆိုရင်  သူငယ်ချင်းတစ်ယောက်၊ ဒါမှမဟုတ် ဆ ရာ၊ သင်ယုံကြည်ရတဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ယောက်ကို ပြောပြပြီး အကူအညီရယူပါ။
  • မှတ်တမ်းတွေကို သိမ်းထားပါ။ မက်ဆေ့ခ်ျကို ပြန်ဖတ်ဖို့မဟုတ်ပါဘူး။ ဒါပေမဲ့ အချိန်နဲ့ရက်စွဲကို သေချာမှတ်ပြီး သိမ်းထားပါ။ ဒါတွေက သင်လိုအပ်လာချိန်တိုင်း သက်သေအဖြစ်ရှိနေမှာပါ။ ပြီးတော့ ဒီမက်ဆေ့ခ်ျတွေ ဘယ်ကလာတယ်ဆိုတာကိုလည်း ရှာဖွေဖော်ထုတ်တဲ့အခါ အကူအညီရရှိနိုင်ပါ တယ်။

သင်ဖတ်ပြီးရင် တခြားသူတွေကို SHARE လိုက်ပါဦးနော်။