ခွန်အားအပြည့်ဆုံးတစ်ပတ်တာဖြစ်စေမယ့် အကောင်းဆုံးဒဿနများ (၁)

blank

၁။ ရည်ရွယ်ချက်ပန်းတိုင်ဆီသွားတဲ့အခါ အကြောက်တရားကို ဝေးဝေးဖယ်ထားပါ။

၂။ သင်္ဘောရွက်လွှင့်နည်းကိုသင်ယူချင်တယ်ဆိုရင် မုန်တိုင်းကိုကြောက်မနေပါနဲ့။

၃။ သင်ရနေတဲ့အခွင့်အရေးကို သင်လွဲချော်ခံလိုက်ရင် အောင်မြင်မှုနဲ့လည်း သင်လွဲသွားမှာပါပဲ။

၎။ သင်မတတ်နိုင်တဲ့အရာတွေကို လက်ခံတတ်ဖို့ သင်ယူပါ။

၅။ အောင်မြင်မှုဆိုတာ ရိုးသားမှု၊ ကြိုးစားမှုလှေကားထစ်တွေနဲ့ ခင်းထားတာပါ။

၆။ တီထွင်ဖန်တီးမှုဆိုတာ ပျော်စရာကောင်းတဲ့ ဉာဏ်ကစားပွဲတစ်ခုဖြစ်တယ်။

၇။ သင့်အိပ်မက်တွေကပဲ သင့်ဘဝသွားရာလမ်းကြောင်းကို ဆုံးဖြတ်တာပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၈။ မျက်လုံးတွေကို ကျယ်ကျယ်ဖွင့်ထားပါ။ သင်မြင်ရတဲ့အရာတွေကပဲ သင့်စိတ်ကို လှုံ့ဆော်ပေးနိုင်တာပါ။

၉။ အောင်မြင်မှုရဲ့လမ်းကြောင်းအစဆိုတာ စကားပြောနေတာရပ်ပြီး တကယ်လုပ်ဖို့ပါပဲ။

၁ဝ။ သူများအကြောင်းကို သင်အမြဲစိတ်မဝင်စားနိုင်တာကို သဘောပေါက်ရင် တခြားသူတွေကလည်း သင့်အကြောင်းအမြဲတွေးနေမှာကို သင်စိတ်ပူတော့မှာမဟုတ်ပါဘူး။

၁၁။ ဆန်းသစ်မှုတွေကို အမြဲရှာဖွေဖို့ဆိုရင် သင့်ကိုယ်သင်ယုံကြည်မှုကို အရင်တည်ဆောက်ပါ။

၁၂။ တခြားသူအပေါ်သင်ချစ်သလိုအချစ်မျိုး သင့်ကိုယ်သင်ချစ်ဖို့လည်း ထိုက်တန်ပါတယ်။

၁၃။ မလုပ်ရသေးတဲ့အရာတွေအတွက် အကောင်းဆုံးကိုမျှော်လင့်ပြင်ဆင်ပါ။

၁၄။ ချန်ပီယံတွေဆိုတာ သူတို့လိုချင်တဲ့အရာကိုရတဲ့အထိ ဆက်ကြိုးစားကြသူတွေပါ။

၁၅။ သက်တောင့်သက်သာရှိတယ်ဆိုတာ လှပတဲ့နေရာပါ။ ဒါပေမဲ့ အဲ့ဒီနေရာမှာပဲ ရပ်နေရင် ဘယ် တော့မှ တိုးတက်မှာမဟုတ်ပါဘူး။

စိတ်ဓာတ်ခွန်အားတွေမျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။