နံနက်စောစောထခြင်းရဲ့ အားသာချက်များ

blank
၁။ နံနက်စာကို အချိန်ပေးပြီး ကောင်းကောင်းစားနိုင်ခြင်း။

နံနက်စာကောင်းကောင်းစားခြင်းက ခန္ဓာကိုယ်ရဲ့စွမ်းအင်နဲ့ မှတ်ဉာဏ်တွေကို တိုးတက်စေပြီး

ခန္ဓာကိုယ်ရဲ့သွေးတွင်းသကြားဓာတ်အစုအဝေးကို ပိုမိုစနစ်ကျအောင်ကူညီပေးပါတယ်။

၂။ အလုပ်ချိန်မတိုင်ခင် ကြိုပြီးစောစောထနိုင်ခြင်း။

အိပ်ရာစောစောထခြင်းက အိပ်ရာထခါစမှာဖြစ်တတ်တဲ့ လေးကန်ထိုင်းမှိုင်းခြင်းရဲ့နောက် ဆက်တွဲဆိုးကျိုးတွေကို ယုတ်လျော့စေသလို မှတ်ဉာဏ်တွေ၊ လှုပ်ရှားမှုတွေနဲ့ တွက်ချက်နိုင်မှုစွမ်း ရည်တွေကို သွက်လက်စေပါတယ်။ တစ်နေ့လုံးနိုးကြားနေပြီး အာရုံစူးစိုက်မှုလည်း ပိုမိုအားကောင်း စေပါတယ်။

၃။ ပြဿနာတွေကို ပိုမိုကောင်းမွန်အောင် ဖြေရှင်းနိုင်ခြင်း။

နံနက်စောစောထတဲ့လူတွေဟာ အလုပ်ထဲက ပြဿနာကိုအဖြေရှာဖို့ ကြိုတင်စဉ်းစားပြင် ဆင်ချိန်ရတဲ့အတွက် တခြားသူတွေထက် ပိုမိုကောင်းမွန်တဲ့ရလဒ်တွေကို ဖန်တီးနိုင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ စိတ်ပေါ့ပါးပျော်ရွှင်စေခြင်း။

နံနက်စောစောလန်းဆန်းစွာနိုးထခြင်းဖြင့် တစ်နေ့တာလုံးမှာ စိတ်သက်တောင့်သက်သာရှိပြီး အလုပ်တွေ အလျင်မမီလို့ စိတ်ဖိစီးမှုဖြစ်ရတဲ့အရေးက ကင်းဝေးစေပါတယ်။

၅။ ပိုမိုအလုပ်တွင်စေခြင်း။

        နံနက်စောစောထခြင်းဖြင့် တစ်နေ့တာအလုပ်ချိန်ဇယားကို သေချာစီမံနိုင်သလို၊ ခွန်အားတွေ လည်း ပြည့်နေတဲ့အတွက် အလုပ်ပိုမိုတွင်စေပါတယ်။

၆။ စောစောထပြီး လှုပ်လှုပ်ရှားရှားလုပ်ခြင်းဖြင့် အဆီတွေကို ပိုမိုလောင်ကျွမ်းစေခြင်း။

အစာမရှိတဲ့အစာအိမ်ဟာ နံနက်စောစောလှုပ်လှုပ်ရှားရှားလုပ်ခြင်းဖြင့် အဆီကို၂ဝ-ရာခိုင်နှုန်း ပိုမိုလောင်ကျွမ်းစေပြီး ဦးနှောက်စွမ်းရည်ကိုထောက်ကူပေးတဲ့အန်ဒေါ်ဖင်န်ဓာတ်ကို မြှင့်တင်ပေးပါ တယ်။

ဗဟုသုတရစေတဲ့ယခုစာစောင်လေးကို ပြန်လည်မျှဝေဖို့ SHARE လိုက်ပါဦးနော်။