၁။ စိတ်ဓာတ်ကြံ့ခိုင်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသယောင်နဲ့ အတွင်းစိတ်ရဲ့ မလုံခြုံမှုတွေကို တခြား သူအပေါ် ပုံချပြီး နာကျင်စေတတ်တယ်။
၂။ သူ့အပေါ် အားလုံးကအမြဲအာရုံစိုက်တာကို ခံချင်ပြီး ဂရုမစိုက်ရင် စိတ်တိုဒေါသထွက်တတ်တယ်။
၃။ အရာရာကို သူပြောတဲ့အတိုင်း၊ သူဖြစ်စေချင်တဲ့အတိုင်းပဲ ချုပ်ကိုင်ထားချင်တယ်။
၎။ အားလုံးထဲမှာ သူကပဲ အစစအရာရာသာလွန်ကောင်းမွန်သူဖြစ်ချင်တယ်။
၅။ သူ့ရည်မှန်းချက်ပြည့်ဝဖို့ဆိုရင် သူငယ်ချင်းတွေကိုလည်း အခွင့်အရေးအဖြစ် အသုံးချတတ်တယ်။
၆။ ရှေ့မှာ ပျားရည်လိုချိုသလောက် ကွယ်ရာမှာ သူငယ်ချင်းတွေမကောင်းကြောင်း ပြောတတ်တယ်။
၇။ အများရှေ့မှာ သူငယ်ချင်းကို ငယ်ကျိုးငယ်နာဖော်ပြီး ပြစ်တင်ကဲ့ရဲ့တတ်တယ်။
ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
၈။ အခုတစ်မျိုး၊ တော်ကြာတစ်မျိုးနဲ့ အပြောင်းအလဲမြန်တယ်။
၉။ သူငယ်ချင်းတွေကို သူဖြစ်စေချင်တဲ့ပုံစံသွင်းယူတတ်တယ်။
၁ဝ။ သူ့အခက်အခဲတွေကိုသာမျှဝေပေးတတ်ပြီး တခြားသူတွေခက်ခဲချိန်မှာ မသိယောင်ဆောင်နေ တတ်တယ်။
၁၁။ သူ့အကြောင်း၊ သူ့ခံစားချက်ကလွဲပြီး တခြားသူတွေရဲ့ခံစားချက်ကို အလေးမထားဘဲနေတယ်။
စာချစ်သူတို့ရေ… ပေါင်းသင်းဆက်ဆံရေးနယ်ပယ်ထဲက မလွတ်ကင်းနိုင်ကြတဲ့လူအတော်များ များမှာ ဒီလို သူငယ်ချင်းမျိုးနဲ့လည်း ဆုံစည်းကြရလေ့ရှိပါတယ်။ ဒီအပြုအမူကို ခေတ်လူငယ်တွေက တော့ “ ချေတယ် ” လို့ ပြောကြပါတယ်။ သေချာတာကတော့ ဒီလိုသူငယ်ချင်းမျိုးဟာ တခြားသူ အ တွက် အကောင်းဆုံးသူငယ်ချင်းတစ်ယောက် ဘယ်တော့မှဖြစ်လာမှာမဟုတ်ပါဘူး။ ဒါကြောင့် ဒီလို သူငယ်ချင်းမျိုးရှိနေရင် ခပ်ခွာခွာပေါင်းတာ အကောင်းဆုံးပါပဲ။
စာစောင်လေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။