အောင်မြင်မှုဆိုတာ…

blank

အောင်မြင်မှုအသီးအပွင့်ဆိုတာ အခုစိုက် အခုရတဲ့အရာ မဟုတ်ပါဘူး။ အောင်မြင်မှုဆိုတဲ့ ရလဒ်တစ်ခုထွက်ဖို့ အပြင်းအထန်ကြိုးစားကြရတယ်။ ရူးသွပ်ပြီး လိုချင်တပ်မက်မှု ရှိရတယ်။  အိပ်ချိန်နောက်ကျပေမယ့် မနက်စောစောထ အလုပ်လုပ်ကြရတယ်။ ရုန်းကန်လှုပ်ရှားရတယ်။ မျက်ရည်တွေ၊ ချွေးစက်၊ သွေးစက်တွေနဲ့ ရင်းနှီးမြှုပ်နှံပြီး တည်ဆောက်ကြရပါတယ်။

တကယ်တော့ အောင်မြင်မှုဆိုတာ ပင်လယ်ထဲထွက်ပေါ်နေတဲ့ ရေခဲတောင်တစ်ခုလိုပါပဲ။

အပေါ်ယံပဲ မကြည့်ပါနဲ့။ ရေခဲတောင်ဖြစ်ဖို့ အချိန်ကြာကြာယူခဲ့ရတဲ့ နှစ်မြှပ်နေတဲ့ အောက်ခြေက ထုထည်ကြီးကို မြင်အောင်ကြည့်ပါ။

အောင်မြင်မှုရဖို့ ကြိုးစားရုန်းကန်နေသူတွေအတွက် ဒီစာစောင်လေးကို မျှဝေပေးလိုက်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။