စိတ်ဓာတ်ကျခြင်းရဲ့ နောက်ဆက်တွဲဝေဒနာများ

blank

          စိတ်ဓာတ်ကျခြင်းဖြစ်ပေါ်တဲ့အခါ ဝမ်းနည်းမှုတစ်ခုကိုပဲ အမြဲတမ်းခံစားရတာ မဟုတ်ပါဘူး။ ဒါ ဟာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိစ္စဖြစ်တဲ့အတွက် တခြားသောခံစားချက်တွေလည်း ဖြစ်ပေါ်ခံစား ရပါတယ်။ အဲ့ဒီခံစားချက်တွေကတော့…

၁။ အပြစ်ရှိသလိုခံစားရခြင်း။

စိတ်ဓာတ်ကျနေတဲ့လူတစ်ယောက်ဟာ သူကိုယ်တိုင်သာမက သူ့ကိုချစ်တဲ့သူတွေကိုပါ နာ ကျင်စေတဲ့အတွက် သူ့ကိုယ်သူအပြစ်ရှိသလို ခံစားရစေပါတယ်။

၂။ အဆက်အသွယ်ပြတ်တောက်ခြင်း။

စိတ်ဓာတ်ကျနေတဲ့လူတစ်ယောက်ဟာ အနီးအပါးမှလူတွေနဲ့သာမက တစ်ခါတရံ ကိုယ်တိုင် တောင် စိတ်နဲ့လူမကပ်ဘဲ အဆက်အသွယ်ပြတ်တောက်နေတတ်ပါတယ်။

၃။ အထီးကျန်ခြင်း။

စိတ်ဓာတ်ကျနေတဲ့လူတစ်ယောက်ဟာ လူတွေနဲ့ဘယ်လိုထိတွေ့ဆက်ဆံရမလဲဆိုတာကို လည်း မသိတော့တဲ့အတွက် တစ်ခါတရံ လူတွေအများကြီးကြားထဲရှိနေတာတောင် အထီးကျန်ခြင်း ကို ခံစားနေရတတ်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ အားအင်ကုန်ခန်းနွမ်းနယ်ခြင်း။

စိတ်ဓာတ်ကျနေတဲ့လူတစ်ယောက်ဟာ အားအင်ကုန်ခန်းပြီး မောပန်းခြင်းကို ခံစားရပါတယ်။

၅။ ဒေါသထွက်ခြင်း။

စိတ်ဓာတ်ကျနေတဲ့လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ဒေါသထွက်သလို လောကကြီးကို လည်း အလိုလိုနေရင်း အလိုမကျဒေါသထွက်နေတတ်ကြပါတယ်။

စာချစ်သူတို့ရေ… စိတ်ဓာတ်ကျတဲ့ဝေဒနာဆိုတာ စိတ်ပိုင်းဆိုင်ရာထိရှနာကျင်မှုဖြစ်တာ ကြောင့် ရုပ်ပိုင်းဝေဒနာလို အလွယ်တကူကုသပျောက်ကင်းဖို့ မလွယ်ကူတာတော့ အမှန်ပါပဲ။ ဒါ ကြောင့် မိမိဝန်းကျင်မှာ စိတ်ဓာတ်ကျနေတဲ့သူတွေရှိရင် သူတို့ကို ပစ်ပယ်မထားဘဲ အထက်ပါ ခံ စားချက်တွေ ရှိနိုင်တဲ့သူတို့အပေါ် နားလည်စာနာဖေးမပေးသင့်ပါတယ်။ ကိုယ်တိုင်ကြုံလာခဲ့ရင် လည်း လက်မလျှော့ဘဲ သက်သာရာရစေမယ့်နည်းလမ်းလေးတွေကို ရှာဖွေပြီး စိတ်ရှည်ရှည်နဲ့ အချိန်ယူကုစားသင့်ပါကြောင်း အကြံပြုလိုက်ပါရစေလား။

သိမှတ်ဖွယ်စာစောင်လေးကို ပြန်လည်မျှဝေဖို့ SHARE လိုက်ပါဦးနော်။