ကြယ်ငါးပုံပြင်ကပေးတဲ့ ဒဿနကောင်းတစ်ခု

blank

စာချစ်သူတို့ရေ …

ကမ်းခြေမှာ လမ်းလျှောက်ထွက်လာခဲ့တဲ့ လူကြီးတစ်ယောက်ဟာ ကောင်လေးတစ်ယောက်က ကမ်းစပ်ကနေ တစ်ခုခုကိုကောက်ပြီး ရေထဲသွားသွားပစ်ချပေးနေတာကိုတွေ့တယ်။ ဒါနဲ့ ကောင်လေး အနားကပ်သွားပြီး “လူလေး… ဘာတွေလုပ်နေတာလဲ” လို့  မေးလိုက်တယ်။

“ ကြယ်ငါးလေးတွေ သေမှာစိုးလို့ ရေထဲပြန်ပစ်ပေးနေတာပါ ဦးလေးရယ်။ လှိုင်းနဲ့အတူ ရေ ထဲပြန်ပါသွားအောင်လို့လေ” လို့ ကောင်လေးက ပြန်ဖြေတယ်။

ကောင်လေးအဖြေကြားရတော့ လူကြီးကရယ်တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

“လူလေးရယ် ဒီလောက် မိုင်ချီရှည်တဲ့ကမ်းခြေမှာ ကြယ်ငါးတွေ ထောင်နဲ့ချီပြီး ကမ်းပေါ်တင် နေကြမှာပဲ။ လူလေးက အားလုံးကို ကယ်နိုင်မှာမို့လား။ အခုလိုလုပ်နေရုံနဲ့ သူတို့အားလုံးအတွက် ဘာ ထူးခြားလာမှာလဲ ” လို့ လူကြီးကပြန်ပြောတယ်။

ကောင်လေးက နားထောင်နေရင်းနဲ့ သူ့လုပ်လက်စဖြစ်တဲ့ ကြယ်ငါးလေးတွေကိုလည်း ဆက် ကောက်ပြီး တက်လာတဲ့လှိုင်းထဲ ပစ်ထည့်ပေးနေဆဲပါပဲ။ ပြီးတော့ “ ဦးလေးပြောသလို ကြယ်ငါးအား လုံးအတွက် မထူးခြားရင်တောင် ကျွန်တော်ကောက်ပြီး ပြန်ပစ်ပေးလိုက်တဲ့ ကြယ်ငါးလေးတွေအတွက် တော့ ထူးခြားသွားတယ်လေ။ သူတို့ အသက်ရှင်သွားတာပေါ့ ” လို့ ပြန်ပြောလိုက်ပါတယ်။

ဒီဇာတ်လမ်းလေးဖတ်ပြီး ခံစားမိတာလေးတွေရှိရင် comment မှာ မျှဝေခဲ့ပါနော်။