သင်က သင်ဖြစ်ပါစေ။

blank

မိတ်ဆွေ…

လူတွေကတော့ သင့်ကို ဘာဖြစ်သင့်တယ်၊ ဘာလုပ်သင့်တယ်ဆိုတာတွေ အမြဲပြောနေကြမှာ ပဲ။ ဒါက ကိုယ့်ကိုယ်ကိုယ်ထက် တခြားသူတွေကို ပိုမြင်တတ်တဲ့လူတွေရဲ့ သဘောသဘာဝလို့ နားလည်ထားလိုက်ပါ။ ဒါပေမဲ့ သင့်ကိုယ်သင်တကယ်ချစ်တယ်ဆိုရင်တော့ သူတစ်ပါးရဲ့ပါးစပ်ဖျားမှာ သင့်ဘဝကို ရှင်သန်ခွင့်မပေးသင့်ပါဘူး။ သင့်ဝန်းကျင်ရဲ့ အသိအမှတ်ပြုမှုရဖို့သက်သက်အတွက်နဲ့ သင့်နှလုံးသားကို ဥပေက္ခာမပြုလိုက်ပါနဲ့။ သင်ဖြစ်ချင်တဲ့ဆန္ဒတွေကို စွန့််လွှတ်မပစ်လိုက်ပါနဲ့။ သင်က သင်ဖြစ်နေတဲ့အတွက်လည်း ဘယ်တော့မှ အားမငယ်လိုက်ပါနဲ့။ လူတစ်ယောက်ချင်းစီတိုင်းဟာ မတူညီတဲ့ အရည်အချင်းကိုယ်စီနဲ့ ပြိုင်ဘက်ကင်းပြီးသားပါ။ ဒါကြောင့် သင်က သင်ဖြစ်နေရုံနဲ့ပဲ ပျော်ရွှင်လိုက်ပါ။ ကျေနပ်လိုက်ပါ။ ဂုဏ်ယူလိုက်ပါ။ သင့်ရဲ့စစ်မှန်တဲ့ပျော်ရွှင်မှုတွေကိုသာ ကမ္ဘာကြီးကို ပြသလိုက်ပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ပြီးတော့ သင့်ဖြစ်တည်မှုအပေါ်အကျေနပ်ဆုံးသောပျော်ရွှင်မှုတွေနဲ့ သင့်ဘဝကို အဓိပ္ပာယ်ရှိရှိ တည်ဆောက်လိုက်ပါ။

သင်ကော တကယ်ပျော်ရွှင်တဲ့ဘဝလေးကို ပိုင်ဆိုင်ထားပြီလား။