သင့်ဖုန်းကို ဒီနေရာတွေမှာ လုံးဝမထားပါနဲ့

blank

          အခုခေတ်မှာ လူတိုင်းလိုလို ဖုန်းသုံးနေကြပါပြီ။ ဒါပေမဲ့ ဖုန်းတွေကြောင့် ကျန်းမာရေးပြဿနာ မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲဆိုတာကိုတော့ လူတော်တော်များများ မသိကြသေးပါဘူး။ ဒါကြောင့် ဒီတစ်ပတ်မှာ ကျန်းမာရေးပြဿနာတွေမဖြစ်အောင် ဖုန်းတွေမထားသင့်တဲ့ နေရာတွေအကြောင်း ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

၁။ ဘောင်းဘီနောက်အိတ်ထဲ မထည့်ပါနဲ့။

ဖုန်းကို ဘောင်းဘီနောက်အိတ်ထဲမှာ အလွယ်တကူထည့်ထားတတ်တယ်ဟုတ်။ အဲဒီလို ထည့်ထားရင် ဒီလိုပြဿနာလေးတွေ ဖြစ်နိုင်ပါတယ်။

  • ဖုန်းတွေရဲ့ touchscreen တွေက အလိုလိုပွင့်သွားပြီး ဖုန်းတွေလျှောက်ခေါ်နေတတ်တယ်။
  • ဖုန်းကထွက်တဲ့ရောင်ခြည်တွေကြောင့် ဝမ်းဗိုက်နဲ့ ခြေထောက်တွေ ညောင်းညာကိုက်ခဲနေတတ်တယ်။
  • သတိမထားမိဘဲ ထိုင်ချလိုက်လို့ကတော့ ဖုန်းကွဲပြီပဲ။
၂။ ဘောင်းဘီရှေ့အိတ်ထဲ မထည့်ပါနဲ့။

ယောက်ျားလေးတွေတော်တော်များများက ပိုက်ဆံအိတ် သိပ်မကိုင်ကြဘူး။ ဖုန်းကိုဆိုရင်လည်း ဘောင်းဘီရှေ့အိတ်ထဲ ထည့်ထားတတ်ပါပဲ။ ဒီလို ထည့်တဲ့အချိန်မှာ ဖုန်းကထွက်တဲ့ရောင်ခြည်တွေကြောင့် သုတ်ပိုးတွေ သေသွားတတ်ပြီး မြုံတာ၊ ပန်းသေတာတွေ ဖြစ်နိုင်ခြေများပါတယ်။

၃။ အတွင်းခံဘရာနဲ့ ရင်ဘတ်ကြား မညှပ်ပါနဲ့။

ဖုန်းတွေကြောင့် ရင်သားကင်ဆာဖြစ်နိုင်တယ်လို့ ဆေးပညာအရ အတည်အပြုနိုင်သေးပေမဲ့ လေ့လာတွေ့ရှိချက်တွေအရ ရင်သားကင်ဆာဖြစ်ပွားနိုင်ချေကို တိုးမြင့်စေပါတယ်။ ဒါကြောင့် ဖုန်းတွေကို ရင်ဘတ်ကြားညှပ်မထားပါနဲ့။

၎။ အိတ်ပါးပါးလေးတွေထဲ မထည့်ပါနဲ့။

ဖုန်းတွေကို အိတ်သေးသေးလေးတွေနဲ့ထည့်ပြီး လွယ်တဲ့အခါမှာ ဖုန်းကရောင်ခြည်တွေက တင်ပါးဆုံရိုး၊ ပေါင်ရိုးတွေနဲ့ အနီးဆုံးမှာရှိနေပြီး အရိုးတွေကို အားနည်းစေပါတယ်။ ဒါကြောင့် ဖုန်းတွေကို အိတ်ထူထူနဲ့ ထည့်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ အရေပြားနဲ့ကြာကြာမထိပါနဲ့။

ဖုန်းနဲ့ အရေပြားနဲ့ အချိန်ကြာကြာထိနေရင် ဖုန်းမှာ ကပ်နေတတ်တဲ့ဘက်တီးရီးယားတွေက အရေပြားပေါ်ရောက်လာနိုင်ပါတယ်။ ဖုန်းပြောရင်တောင်မှာ ဖုန်းနဲ့ နားရွက်နဲ့ကြားမှာ ၁ စင်တီမီတာလောက် (လက်တစ်လုံးစာလောက်) ခွာပြီး ပြောပါ။ လိုအပ်ရင် စပီကာဖွင့်ပြောပါ၊ နားကြပ်တပ်ပြောပါ။

၆။ အားသွင်းကြိုးတပ်လျက် မထားပါနဲ့။

ဖုန်းအားသွင်းတာက ကျန်းမာရေးမထိခိုက်ပါဘူး။ ဒါပေမဲ့ တစ်ညလုံး အားသွင်းထားမယ်ဆိုရင် ဖုန်းဘက်ထရီကို ထိခိုက်စေပါတယ်။ အခန့်မသင့်ရင် ဝါယာရှော့ခ်ပါ ဖြစ်စေနိုင်ပါတယ်။

၇။ အေးလွန်းတဲ့နေရာတွေမှာ မထားပါနဲ့။

အပြင်မှာ ရာသီဥတုအရမ်းအေးနေရင် ဖုန်းကို အပြင်မှာ ကြာကြာမထားပါနဲ့။ အိတ်ထူထူလေးထဲ ထည့်ထားပါ။ အရမ်းအေးလွန်းရင် ဖုန်းအတွင်းပိုင်းမှာ error တွေဖြစ်နိုင်ပါတယ်။

၈။ ပူလွန်းတဲ့နေရာတွေမှာ မထားပါနဲ့။

အရမ်းပူလွန်းတာက လျှပ်စစ်ပစ္စည်းတွေအတွက် မကောင်းပါဘူး။ ဒါကြောင့် ဖုန်းကို နေပူထဲမှာ ပစ်ထားတာ၊ ကားထဲမှာ ထားထားတာတွေ မလုပ်ပါနဲ့။

၉။ ကလေးတွန်းလှည်းထဲမှာ မထည့်ပါနဲ့။

တစ်ခါတလေ မိခင်တွေက ကလေးတွန်းလှည်းထဲမှာ ကလေးနဲ့အတူ ဖုန်းကို အလွယ်တကူထည့်ထားတတ်ကြတယ်။ ဒီလို မထည့်သင့်ပါဘူးနော်။ ဖုန်းကထွက်တဲ့ ရောင်ခြည်တွေက ကလေးလေးတွေအတွက် တကယ်ကို ဆိုးကျိုးဖြစ်စေပါတယ်။

၁ဝ။ ခေါင်းအုံးအောက်မှာ ထားပြီး မအိပ်ပါနဲ့။

ဖုန်းကို ခေါင်းအုံးအောက်မှာထားပြီးအိပ်ရင်-

  • ဖုန်းထဲကို noti ဝင်လာရင် ဖုန်း screen က ပွင့်လာတတ်ပြီး မယ်လာတိုနင်ဟော်မုန်းကို အကျိုးသက်ရောက်စေပါတယ်။ ဒီလိုနဲ့ အိပ်ချိန်တွေကို ကမောက်ကမဖြစ်စေတာပါပဲ။
  • ဖုန်းကို ခေါင်းနားလေးမှာထားပြီး အိပ်တာက ကာလကြာလာတဲ့အခါမှာ ခေါင်းမူးခေါင်းကိုက် ဖြစ်စေပါတယ်။
  • ခေါင်းအုံးနားမှာထားပြီး အားသွင်းရင် ပိုဆိုးပါတယ်။ ဖုန်းတွေက အားသွင်းရင် ပူတတ်ပြီး အဲဒီအပူကို ခေါင်းအုံးနဲ့ ဖုံးအုပ်ထားတဲ့အခါမှာ ပိုပူပြီး ပေါက်ကွဲတာတွေ ဖြစ်တတ်ပါတယ်။

သတိထားရမယ့် အချက်လေးတွေဖြစ်တာကြောင့် သူများတွေသိအောင် SHARE လိုက်ပါဦး။