ဒေါသကြီးတဲ့ မြွေတစ်ကောင်ကပေးတဲ့ သင်ခန်းစာ

စာချစ်သူတို့ရေ …

တစ်ရက်မှာ မြွေတစ်ကောင်ဟာ ဆောက်လုပ်ရေးဆိုင်ရဲ့  ဆိုင်ထောင့်တစ်နေရာကို ဝင်မိသွား တယ်။ ဖြတ်သွားရင်းနဲ့ မြေပြင်ပေါ်ချထားတဲ့ လွှသွားနဲ့ ထိမိသွားတော့ မြွေနာကျင်သွားတယ်။

နာကျင်သွားတဲ့မြွေဟာ ဒေါသနဲ့ပြန်လှည့်လာပြီး လွှကို ဒေါသတကြီး ပြန်ပေါက်တယ်။ ပေါက် လိုက်တာနဲ့အမျှ မြွေရဲ့ပါးစပ်လည်း ဆိုးဆိုးဝါးဝါးအနာတရဖြစ်သွားတယ်။ ဒါကို တိရစ္ဆာန်တစ်ကောင်မျှ သာဖြစ်တဲ့ မြွေခမျာနားမလည်ရှာဘဲ လွှက သူ့ကို ရန်စတိုက်ခိုက်တယ်ထင်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး နဲ့ လွှကို အသက်ရှူကြပ်အောင် ရစ်ပတ်ပစ်လိုက်တယ်။ ပြီးတော့ အားကုန်ခါရမ်းပစ်တယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဒေါသကြီးလှတဲ့ မြွေရဲ့အသက်ကို လွှကပဲ နိဂုံးချုပ်ပေးလိုက်ပါတော့တယ်။

တကယ်တော့ အကြောင်းရင်းမှန်ကို မဆင်ခြင်ဘဲ ဒေါသနဲ့ တုန့်ပြန်ခြင်းဟာ သူတစ်ပါး မခံစားရခင် ကိုယ်တိုင်အတွက်သာ ဆိုးကျိုးအရင်ဖြစ်ပေါ်စေပါတယ်။ လူတွေမှာလည်း ဒီလိုပါပဲ။ တစ်ခါတရံမှာ သင့်ကို တိုက်ခိုက်နေသူတွေနဲ့ တိုက်ခိုက်လာတဲ့အခြေအနေတွေကို လျစ်လျူရှု ထားလိုက်တာ ပိုကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ကလဲ့စားချေခြင်း၊ အမုန်းတရားတွေနဲ့ တုန့်ပြန်လိုက်ခြင်းရဲ့ အကျိုးဆက်က ပြဿနာတွေအပြီးမှာ အရာအားလုံးဟာ နဂိုအနေအထား အတိုင်း ပြန်လည်ကောင်းမွန်ဖို့ မဖြစ်နိုင်တော့လို့ပါ။

ဒါကြောင့် သင်မုန်းတီးတဲ့လူတွေနဲ့ မျက်နှာချင်းဆိုင်ရတဲ့အခါ၊ ဒါမှမဟုတ် တန်ဖိုးမဲ့တဲ့စကား တွေ ကြားရတဲ့အခါ ဒေါသနဲ့ ချက်ချင်းမတုန့် ပြန်ပါနဲ့။ ဒေါသနဲ့ မဖြေရှင်းပါနဲ့။ အရာအားလုံးကို အကောင်းမြင်စိတ်နဲ့ မြင်အောင်ကြည့်ပါ။ မေတ္တာထားပြီး အေးအေးချမ်းချမ်းကျော်ဖြတ်လိုက်ပါ။

စာစောင်လေးကို နှစ်သက်တယ်ဆိုရင် LIKE & SHARE လုပ်ပေးပါဦး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

SHARE