၂၅ နှစ်မပြည့်ခင် ဖတ်ထားသင့်တဲ့ ဘဝဒဿန ၂၅ ခု

blank

၁။ သင့်တန်ဖိုးက သင့်အလုပ်အကိုင်ထက် သင့်လုပ်ရည်ကိုင်ရည်အပေါ်မှာ မူတည်တာပါ။

၂။ အခက်အခဲဆိုတာ သင့်တစ်ယောက်တည်းကြုံနေရတာမဟုတ်ပါဘူး။ လူတိုင်းကြုံရတာပါ။

၃။ သင့်အမှားတွေကို စောင့်ကြည့်နေရလောက်အောင် လူတိုင်းမှာ အချိန်မရှိပါဘူး။ လွတ်လွတ်လပ်လပ်နေပါ။

၄။ ငယ်သူငယ်ချင်းတချို့နဲ့ဝေးကွာသွားပေမဲ့ သူငယ်ချင်းအသစ်တွေ ထပ်ရလာမှာပါ။

၅။ စိတ်တူသူတွေနဲ့ပဲ အမြဲတွေ့ရဖို့မမျှော်လင့်ပါနဲ့။ ဆန့်ကျင်ဖက်သမားတွေနဲ့လည်း အလုပ်လုပ်ရမှာပါ။

၆။ သင့်အိပ်မက်တွေနောက်လိုက်တာက တစ်ကိုယ်ကောင်းဆန်တာမဟုတ်ပါဘူး။ ကြိုးစားလိုက်ပါ။

၇။ ကြင်နာမှုဆိုတာ အသိအမှတ်ပြုခံရမှမဟုတ်ပါဘူး။ ဘယ်အခြေအနေဖြစ်ဖြစ် ပေးနိုင်နေတဲ့အရာပါ။

၈။ အသည်းကွဲတာမဆန်းပါဘူး။ အဲ့ဒါကလည်း ဘဝရဲ့တွေ့ကြုံရတာတွေထဲက တစ်ခုပါ။

၉။ ပထမဆုံးအချစ်တွေက အဆင်ပြေလေ့မရှိပါဘူး။ အချစ်ဆိုတာ သင်စိတ်ကူးယဉ်ထားတာထက် လက်တွေ့ မှာ ပိုရှုပ်ထွေးတဲ့အရာပါ။

၁ဝ။ အချိန်က အရာရာကို ကုစားပေးနိုင်တယ်ဆိုတာကို ယုံလိုက်ပါ။

၁၁။ လူတိုင်းဟာ တစ်သက်မှာတစ်ခါတော့ အကူအညီလိုအပ်ကြတာချည်းပါပဲ။ အကူအညီတောင်းလိုက်ပါ။

၁၂။ ဒီနေ့ရဲ့အသေးဖွဲဆုံးစုဆောင်းမှုတွေဟာ ရေရှည်မှာ ကြီးမားတဲ့အကျိုးကျေးဇူးရရှိစေမှာပါ။

၁၃။ အဝတ်အစားက သင့်ကိုပိုကောင်းတဲ့လူတစ်ယောက်တော့ဖြစ်မလာစေပါဘူး။ ဒါပေမဲ့ သင့်ကိုယ်ရည် ကိုယ်သွေးကိုတော့ ပိုတောက်ပသွားစေမှာပါ။

၁၄။ အချစ်ကိုကြောက်တဲ့လူတွေဆိုတာ ကံဆိုးတဲ့အချစ်နဲ့ကြုံတွေ့ဖူးတဲ့လူတွေမို့ပါ။

၁၅။ ပျော်ရွှင်မှုကို ငွေကြေးနဲ့ဝယ်လို့မရပါဘူး။ တင်းတိမ်ရောင့်ရဲခြင်းနဲ့ဝယ်မယ်ဆိုရင်လည်း မလုံလောက်ပါ။

၁၆။ ဘယ်လောက်အလုပ်ရှုပ်ရှုပ် လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ပေးပါ။

၁၇။ သင်စိတ်ပူနေတိုင်း သေချာပေါက်ဖြစ်လာမှာမဟုတ်တာ သိပါ။

၁၈။ ပြည့်စုံပြီဆိုတာမရှိပါဘူး။ အမြဲလိုအပ်ချက်တွေ ရှိနေဦးမှာပါ။

၁၉။ သင်ဖြတ်သန်းနေတဲ့ ဒီနေ့ဆိုတာ နောင်တစ်ချိန်မှာ သင့်ရဲ့အံ့သြစရာဘဝမှတ်တမ်းဖြစ်လာမယ့် အချိန်တွေပါ။

၂ဝ။ တစ်ခုခုလုပ်သင့်တဲ့အချိန်ဆိုတာမရှိပါဘူး။ တစ်ခုခုလုပ်ဖို့ သင်ဆုံးဖြတ်လိုက်တဲ့အချိန်ဟာ လုပ်သင့်တဲ့ အချိန်ပါ။

၂၁။ လေးစားမှုဆိုတာ ငွေကြေးထက် ရရှိဖို့ ပိုခက်တဲ့အရာပါ။

၂၂။ သင်မကြိုက်တဲ့အလုပ်ကထွက်ဖို့ကော၊ သင်ကြိုက်တဲ့အလုပ်လုပ်ဖို့ပါ နောက်ကျတယ်ဆိုတာ ဘယ်တော့မှ မရှိပါ။

၂၃။ ဘဝဖြတ်သန်းရတာကြာလာတဲ့အခါ သင့်မိဘတွေအပေါ် ပိုနားလည်လာမှာပါ။

၂၄။ သင့်ကိုပိုအောင်မြင်တဲ့နေရာပို့ပေးနိုင်တဲ့သူဟာ သင်ကိုယ်တိုင်ပါ။

၂၅။ သင့်ကိုယ်သင်ယုံကြည်မှုက သင်လိုချင်တဲ့နေရာကို ခေါ်ဆောင်သွားမှာပါ။

စာစောင်လေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။