ရယ်မောခြင်းက ဘာကြောင့်ကူးစက်လွယ်တာလဲ။

blank

စာချစ်သူတို့ရေ… လူနှစ်ယောက်သူတို့ဘာသာပြောရင်း ဟက်ဟက်ပက်ပက်ရယ်မောနေကြ တာကို တွေ့တဲ့အခါ ဘာမှန်းမသိဘဲ ကိုယ်ပါလိုက်ပြုံးမိတာ၊ ဒါမှမဟုတ် လိုက်ရယ်မိတာတွေရှိဖူးမှာ ပါ။ ပြီးတော့ ဇာတ်ကားတစ်ကားတည်းကိုပဲ သူငယ်ချင်းတွေနဲ့ကြည့်တဲ့အခါ ပိုရယ်ရပြီး၊ တစ်ယောက် တည်းကြည့်တဲ့အခါ ပျင်းစရာဖြစ်နေတာကိုလည်း ကြုံဖူးကြမှာပါ။ စင်ပေါ်မှာ ဖျော်ဖြေသူက ရယ်မော တဲ့အခါ စင်အောက်က လူတွေအားလုံးပါ ရယ်မောကြတာကို တွေ့ဖူးမှာပါ။

ဒါဟာ ဘာကြောင့်ပါလဲ။

တကယ်တော့ ရယ်မောခြင်းမှာ ကူးစက်စေတတ်တဲ့စွမ်းအားရှိနေပါတယ်။ ကိုယ့်ဘေးကလူ တွေ ရယ်တာတွေ့တာနဲ့လိုက်ပြုံးရယ်မိတယ်ဆိုတာ လူရဲ့ဦးနှောက်ဟာ တခြားအသံတွေထက် အပြု သဘောဆောင်တဲ့အသံတွေကို ပိုပြီးတုံ့ပြန်နိုင်တဲ့သဘောကြောင့်ဖြစ်ပါတယ်။ ရယ်သံကြားတဲ့အခါ မျက်နှာပေါ်က ကြွက်သားတွေကလည်း ရယ်သံနဲ့အလိုက် တုံ့ပြန်ဖို့ အလိုအလျောက်ပြင်ဆင်ပြီးသား ဖြစ်သွားပါတယ်။ ဒါဟာ လူအချင်းချင်းကြား ပိုမိုရင်းနှီးမှုတည်ဆောက်ရာမှာ ပိုလွယ်ကူစေတဲ့ အချက် လည်းဖြစ်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သေချာတာကတော့ ရယ်မောခြင်းမှာ ပတ်ဝန်းကျင်ကို ပျံ့နှံ့ကူးစက်စေနိုင်တဲ့ အစွမ်းသတ္တိအ ပြည့်အဝရှိနေပါတယ်။ ပြီးတော့ ရယ်မောခြင်းဟာ စိတ်ဖိစီးမှုတွေကို အမြန်ဆုံးသက်သာပျောက်ကင်း စေတဲ့ အကောင်းဆုံးကုထုံးလို့လည်း သတ်မှတ်ထားကြပါတယ်။ ဒါကြောင့် သင့်ပတ်ဝန်းကျင်ကို ပျော် ရွှင်စေချင်တယ်ဆိုရင် သင်ကိုယ်တိုင် အရင်ရယ်မောဖို့ အကြံပြုလိုက်ပါတယ်နော်။

သူငယ်ချင်းတွေထဲမှာ အရယ်သန်တဲ့သူလေးတွေရှိရင်လည်း mention ခေါ်လိုက်ပါဦးနော်။