ပူပန်မှုတွေကို သင့်ဘဝထဲက ဖယ်ထုတ်ပစ်လိုက်ပါ။

blank

ပူပန်မှုက…

သင့်ကိုပျော်ရွှင်စေလား၊ ဒါမှမဟုတ် စိတ်ညစ်ညူးစေလား။

သင့်ကို သက်တောင့်သက်သာနဲ့ လွတ်လပ်ပေါ့ပါးစေသလား၊ ဒါမှမဟုတ် တင်းကြပ်ပြီး ဖိအားဖြစ်စေ လား။ သင့်ကိုယ်သင် အဖြေထုတ်ကြည့်ပါ။

တကယ်တော့ “စိုးရိမ်ပူပန်မှု” ဆိုတာ လှုပ်နေတဲ့ကုလားထိုင်ပေါ်မှာ ထိုင်နေရသလိုပါပဲ။ တည်တည်ငြိမ် ငြိမ်မနေရပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အကယ်၍ တစ်စုံတစ်ခုက သင်အတတ်နိုင်ဆုံးကြိုးစားပေမဲ့ သင်တတ်နိုင်တဲ့အခြေအနေကို ကျော်နေ တယ်ဆိုရင် သင့်ကိုယ်သင် မပူပန်အောင်ထိန်းပါ။ ပူပန်မှုက သင့်ကိုပိုကောင်းမလာစေရုံသာမက သင့်မှာရှိပြီး သား စွမ်းအင်တွေကိုပါ ယုတ်လျော့အောင် ဖြုန်းတီးရာကျပါတယ်။

ဒါကြောင့် …တစ်ခုခုအတွက် စိုးရိမ်ပူပန်နေတယ်ဆိုရင် အဲ့ဒီအလုပ်မှာ သင်တတ်နိုင်တာ ဘာရှိသေးလဲ စဉ်းစားပါ။ သင်အတတ်နိုင်ဆုံး အကောင်းဆုံးကြိုးစားခဲ့ပြီးပြီဆိုတာ သေချာရင် ပူပန်မှုတွေကို အမြန်ဆုံးရပ်တန့် ပစ်လိုက်ပါ။

ပူပန်မှုက သင့်ကိုပိုကောင်းမလာစေတာကို အမြဲသတိရလိုက်ပါ။

အပြုသဘောဆောင်အတွေးအခေါ်တွေ မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦး။