ချစ်လှစွာသော ငါရေ….

blank
  • ကျွန်မကိုအချိန်မပေးတတ်တဲ့သူတွေအတွက် အချိန်တွေကုန်ဆုံးနေတာတွေ ရပ်လိုက်မယ်။
  • သူတို့ကိုယ်သူတို့တောင် သေချာမသုံးသပ်နိုင်တဲ့သူတွေအတွက် ပေးဆပ်နေတတ်တာတွေ ရပ်လိုက်မယ်။
  • တွန့်တိုတတ်တဲ့သူတွေကို တစ်ဖက်သတ်ပေးကမ်းနေတတ်တာတွေကို ရပ်လိုက်မယ်။
  • ကျွန်မအတွက် ဘာမှမပေးဆပ်ချင်တဲ့သူတွေအတွက် ကျွန်မကချည်းပဲ ပေးအပ်နေတာတွေကို ရပ်လိုက်မယ်။

တန်ဖိုးရှိတဲ့အရာတွေကိုရချင်ရင် စွန့် လွှတ်အနှစ်နာခံဖို့ လိုအပ်ပါတယ်။ သူတို့ရှာဖွေနေတဲ့အရာက ကျွန်မပါဆိုတာကို နားမလည်နိုင်တဲ့သူတွေဘေးမှာ အချိန်တွေဖြုန်းမနေဘဲ တိတ်တိတ်လေးပဲ လှည့်ပြန်ခဲ့လိုက်မယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်း မှ ရေးသားတင်ဆက်သည်။