လူတိုင်းဆီရောက်သင့်တဲ့ မက်ဆေ့ခ်ျလေးများ

blank

သင့်မှာ…

စားစရာ၊ အဝတ်အထည်၊ အမိုးအကာ၊ အိပ်စရာနေရာရှိတယ်ဆိုရင် သင်ဟာ ကမ္ဘာ့လူဦးရေ ၇၅% ထက် ချမ်းသာတဲ့သူပါ။

သင့်မှာ…

ငွေကြေးအနည်းငယ်၊ သင်သွားချင်တဲ့ဘယ်နေရာကိုမဆိုသွားနေနိုင်တဲ့အခွင့်အရေးလေး ရှိနေတယ် ဆိုရင် သင်ဟာ ကမ္ဘာ့အချမ်းသာဆုံး လူဦးရေ ၁၈% ထဲမှာ ပါဝင်နေသူပါ။

သင့်မှာ…

ဒီနေ့အသက်ရှင်နေတယ်ဆိုရင် မကျန်းမာတဲ့သူတွေထက် ပိုကျန်းမာနေသူပါ။ ပြီးတော့ ဒီတစ်ပတ်အ တွင်း သေဆုံးပြီး အသက်မရှင်နိုင်တော့တဲ့ သန်းပေါင်းများစွာသော လူတွေထက် ကံကောင်းနေသူပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သင်ဟာ ဒီစာကို ဖတ်ရှုခွင့်ရပြီး နားလည်းလည်တယ်ဆိုရင် သင်ဟာ အမြင် အာရုံချို့တဲ့တဲ့၊ စာမရေးမဖတ်နိုင်တဲ့၊ ဉာဏ်ရည်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေရှိနေတဲ့ ကမ္ဘာတစ်ဝှမ်းက လူဦးရေ ၃ ဘီလီ ယံထက် ကံကောင်းသူပါ။

တကယ်တော့ ဘဝဆိုတာ နာကျင်မှုနဲ့ဆင်းရဲဒုက္ခတွေကို ထိုင်အပြစ်တင်နေဖို့ မဟုတ်ပါဘူး။ ပို ကောင်းတဲ့အရာတွေကို ဖန်တီးပြီး ရရှိထားတဲ့အရာတွေကို ကျေးဇူးတင်တတ်ဖို့ပါ။ ဒါကြောင့် ဘဝမှာ စိတ်ချမ်းသာချင်တယ်ဆိုရင် သင်လက်ရှိပိုင်ဆိုင်ထားတဲ့ဘဝကို ကျေးဇူးတင်ပြီး တန်ဖိုးထားလိုက်ပါ။

ခံစားမှုရသလေးတွေ မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။