အထာပေါက်လွယ်ပြီး ဟာသဉာဏ်ရွှင်သူတွေဟာ သူများထက် ဉာဏ်ပိုကောင်းတယ်ဆိုပဲ။

blank

တစ်ဖက်လူ ပြောလိုက်တာကတော့ သေးသေးလေးပါပဲ။ ဒါပေမဲ့ သူ့ဘာသာအထာပေါက်ပြီး အရှည်ကြီးတွေးသွားတဲ့သူ၊ ဟာသဖြစ်သွားတဲ့သူတွေကို သင့်ပတ်ဝန်းကျင်မှာ တွေ့ဖူးမှာပါ။ ဒါမှမ ဟုတ် အဲ့ဒီလို အထာပေါက်လွယ်တဲ့သူဟာ သင်ကိုယ်တိုင်ပဲဖြစ်နေသလား။

ဒီလိုဆိုရင်တော့ သင့်အတွက် သုတေသီတွေအသစ်လေ့လာတွေ့ရှိထားတဲ့ သတင်းကောင်း လေးတစ်ခု ရှိနေပါတယ်။ မှန်ပါတယ်။ အဲ့ဒီတွေ့ရှိမှုအရဆိုရင် အထာပေါက်လွယ်တဲ့သူတွေဟာ သူ များထက် ဉာဏ်ပိုကောင်းတဲ့သူတွေပါတဲ့။

ဒီလေ့လာမှုအတွက် မတူညီတဲ့ဘဝနောက်ခံအမျိုးမျိုးက အမျိုးသား၊ အမျိုးသမီးပေါင်း ၁၅၆ ယောက်ကို ဖိတ်ခေါ်ပြီး လေ့လာအကဲဖြတ်ခဲ့ကြတာပါ။ သူတို့တွေကို နာမည်ကျော်ဂျာမန်အနုပညာ ရှင်တစ်ဦး ဖန်တီးထားတဲ့ ဟာသကာတွန်းတချို့ကို ကြည့်ခိုင်းပြီး အကဲဖြတ်စေခဲ့တယ်။ ပါဝင်သူတွေ ဟာ ကာတွန်းကားတွေအပေါ် သူတို့ရဲ့အတွေးအမြင်၊ ခံစားချက်နဲ့ နားလည်သဘောပေါက်မှုပုံစံတွေ ကို ပြန်ပြောပြကြတယ်။ အဲ့ဒီထဲမှာ ဟာသအထာပေါက်လွယ်သူတွေဟာ ဉာဏ်အကောင်းဆုံးဖြစ်ပြီး ရန် လိုစိတ်တွေလည်း အနည်းဆုံးဖြစ်နေတာကို တွေ့ရှိကြရပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကာတွန်းကားထဲ စိတ်မဝင်စားသလို၊ ဟာသလိုလည်းမခံစားရတဲ့သူတွေကတော့ သာမန် ဉာဏ်ရည်ရှိသူတွေဆိုတာကိုလည်း တွေ့ရှိကြရပါတယ်တဲ့။

ကဲ… သင့်မှာကော အထာပေါက်လွယ်တဲ့သူငယ်ချင်းလေးတစ်ယောက်ရှိရင် mention လေးခေါ်ပြီး မျှဝေလိုက်ပါဦးနော်။