ပျော်ရွှင်မှုအစစ်အမှန်ဆိုတာ ဘာလဲသိလား။

blank

ဘဝရဲ့ ပျော်ရွှင်မှုဆိုတာ…

ကိုယ် ညဘက်မှာတရေးနိုးလာတယ်။ ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ စောင်မရှိပေမဲ့ ကိုယ်နွေးနေတယ်။

ဘာလို့လဲဆိုတော့ ကိုယ့်ဘေးမှာ အိပ်နေတဲ့ ကိုယ့်ရဲ့တစ်သက်တာလက်တွဲဖော်ကြောင့်ပေါ့။

အဲဒီအချိန်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ အပြစ်ကင်းတဲ့သူ့မျက်နှာလေးကို ကြည့်လိုက်တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ပြင်ပလောကကြီးရဲ့ အပူတွေ သူ့မှာ လုံးဝမရှိသလိုမျိုး အသက်မှန်မှန်ရှူပြီး အိပ်ပျော်နေတယ်။

ကိုယ် တစ်ချက်ပြုံးမိပြီး သူ့နဖူးလေးကို နမ်းလိုက်တယ်။ သူမနိုးအောင်ပေါ့။

ပြီးတော့ တစ်ဖက်ကို ပြန်လှည့်ပြီး အိပ်မလို့ မှေးလိုက်တော့ ကိုယ့်ကို နောက်ကနေလာပြီး ထွေးပွေ့လိုက်တာကိုခံစားရတယ်။

သေချာတယ်… အဲဒီ ခံစားမှုလေးကို ရလိုက်တဲ့ တဒင်္ဂက ကိုယ့်အတွက်တော့ တကယ့်ပျော်ရွှင်မှုပဲပေါ့။

ဒီစာစောင်လေးဖတ်ပြီး ကိုယ့်စိတ်ထဲမှာ သတိရမိလိုက်တဲ့သူကို mention ခေါ်လိုက်ပါနော်။