ရုပ်ရည်သွင်ပြင်ကိုကြည့်ပြီး လူတွေက ဘယ်လိုအကဲဖြတ်ကြသလဲ။

blank
၁။ ရုပ်ရည်ဆွဲဆောင်မှုရှိရင် တခြားလက္ခဏာကောင်းတွေလည်းရှိမယ်လို့ လူတွေက တွေးကြတယ်။

ဥပမာ- ဆွဲဆောင်မှုရှိတဲ့သူဟာ ဉာဏ်လည်းကောင်းတယ်။ ရိုးသားတယ်ဆိုတာမျိုးလို ကောင်း တဲ့လက္ခဏာရပ်တွေရှိမယ်ဆိုတာမျိုးပေါ့။ ဒါက လူတွေရဲ့အကောင်းမြင်စိတ်ကို ပိုတည်ဆောက်ပေးနိုင် တယ်လို့ ကျွမ်းကျင်သူတွေက ကောက်ချက်ချထားကြပါတယ်။

၂။ မယုံကြည်ထိုက်တဲ့ရုပ်ရည်ရှိရင် သံသယဝင်ခံရတယ်။

ယုံကြည်ထိုက်ခြင်းက သိပ်ကိုစွမ်းအားကြီးတဲ့ အမှတ်လက္ခဏာတစ်ခုဖြစ်ပါတယ်။ အဲ့ဒီအပေါ် မူတည်ပြီး လူတွေက စိတ်ချယုံကြည်ထိုက်တဲ့လူကောင်းနဲ့ မယုံကြည်ထိုက်တဲ့ လူဆိုပြီး ပိုင်းခြားလေ့ရှိ ကြပါတယ်။

၃။ ဓာတ်ပုံတစ်ပုံကိုကြည့်ပြီး အကဲဖြတ်ကြတယ်။

ဓာတ်ပုံတစ်ပုံက စကားလုံးပေါင်းများစွာကို ပြောပြနေပါတယ်။ လေ့လာတွေ့ရှိမှုအရ လူတွေ ဟာ လူတစ်ယောက်ရဲ့ဓာတ်ပုံတစ်ပုံတည်းကိုကြည့်ပြီး ဘယ်လိုအရည်အသွေးရှိတယ်၊ ဘယ်ဘာသာ ကိုးကွယ်တယ်၊ ဘယ်လိုနေထိုင်တယ်၊ ကိုယ့်ကိုယ်ကိုဘယ်လိုယုံကြည်မှုရှိတယ်ဆိုတာတွေကို အကဲ ဖြတ်လေ့ရှိကြပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ မျက်နှာတည်ဆောက်ပုံကိုကြည့်ပြီး အကဲဖြတ်ကြတယ်။

မျက်နှာပြင်ကျယ်ပြီး ပါးရိုးကြီးတဲ့သူတွေဟာ စိတ်ဓာတ်ကြံ့ခိုင်ပြီး ဒေါသလည်းကြီးတယ်လို့ လူ တွေက သုံးသပ်ကြပါတယ်။

၅။ အရပ်အမြင့်ကိုကြည့်ပြီး ကျန်းမာရေးကို သုံးသပ်ကြတယ်။

လေ့လာတွေ့ရှိမှုအရ အရပ်ပုတဲ့သူတွေဟာ ကင်ဆာဖြစ်နိုင်ခြေလျော့နည်းပြီး အရပ်ရှည်တဲ့ သူတွေကတော့ နှလုံးရောဂါဖြစ်ပွားဖို့ ရာခိုင်နှုန်းပိုများပါတယ်။

ကဲ… သင်ကော ဒီအဆိုနဲ့ပတ်သက်ပြီး အမြင်လေးတွေဘယ်လိုရှိလဲ။ Comment box မှာ မျှဝေခဲ့ပါဦးနော်။