တောဝက်လူငယ်အဖွဲ့ကို ကယ်ဆယ်ရေးအစီအစဉ်ဆွဲခဲ့သူ လူတော်တစ်ဦး (သို့) ဒေါက်တာရစ်ချက်ဒ်ဟာရစ် (Dr Richard Harris)

blank

ဂန္ထဝင်စာချစ်သူတို့ ရေ…

လတ်တလောမှာ တစ်ကမ္ဘာလုံးက အချိန်ပေးစောင့်နေခဲ့ကြတဲ့ ဖြစ်ရပ်လေးတစ်ခုလို့ ဆိုလိုက် ရင် သေကံမရောက်သက်မပျောက်ဘဲ ထိုင်းလိုဏ်ဂူထဲက လွတ်မြောက်လာခဲ့ကြတဲ့ ထိုင်းလူငယ်လေး ၁၃ ဦးကို တန်းမြင်မိကြမှာပါ။ မှန်ပါတယ်။ အဲ့ဒီလူငယ်လေးတွေကို ကယ်ဆယ်ဖို့အတွက် အစီအစဉ် ဆွဲပေးခဲ့တဲ့ ပုဂ္ဂိုလ်ကိုကော စာချစ်သူတို့သတိထားမိခဲ့ကြပါသလား။

လိုဏ်ဂူထဲမှာ ပိတ်မိနေခဲ့ကြတဲ့ တောဝက်လူငယ်အဖွဲ့ကို အန္တရာယ်ကင်းကင်းနဲ့ ကယ်ဆယ် နိုင်ဖို့  အစီစဉ်သစ်တစ်ခု ပြောင်းလဲရေးဆွဲပေးခဲ့သူက ဒေါက်တာရစ်ချက်ဒ်ဟာရစ် (Dr Richard Harris) ပါ။ အသက်(၅၆)အရွယ် ဒေါက်တာဟာရစ်က အဲ့ဒီလို လိုဏ်ဂူအတွင်း ရေငုပ်ရှာဖွေတဲ့ ကယ် ဆယ်မှုမှာ အတွေ့ အကြုံနှစ်(၃ဝ)ရှိခဲ့သူပါ။ အန္တရာယ်ရှိတဲ့ ၂၂၁ မီတာအနက်ရှိတဲ့ ပါရာစီမြစ် (the Pearse River)ရဲ့ အရင်းမြစ်တစ်ခုကို ရှာဖွေဖွင့်ဖောက်ဖို့  ရေငုပ်ကျွမ်းကျင်သူတွေနဲ့အတူ လုပ်ဆောင် ခဲ့ဖူးတဲ့ မှတ်တမ်းရှိခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ အဲ့ဒီအတွေ့အကြုံတွေက ထိုင်းလူငယ်လေးတွေကို ကယ်ဆယ်ရေးမှာ တက်တက်ကြွကြွပါဝင်ဖို့ အရင်းခံအကြောင်းဖြစ်စေခဲ့ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ထိုင်းကယ်ဆယ်ရေးသမားတွေဟာ လိုဏ်ဂူအတွင်း ကြံ့ခိုင်မှုရှိနေသေးတဲ့လူငယ်လေးတွေကို ဂူပြင်အရောက်ကယ်ထုတ်ဖို့ ဗျူဟာတစ်ခုကို အရင်ရေးဆွဲခဲ့ကြတယ်။ ဒေါက်တာဟာရစ်က အားနည်း နေတဲ့ကလေးတွေရဲ့ ကျန်းမာရေးကို ပြန်စစ်ဆေးခဲ့ပြီး အားနည်းတဲ့ကလေးတွေကိုသာ နောက်ဆုံးမှ ခေါ်ထုတ်မယ်ဆိုရင် သူအသက်ရှင်ဖို့ မနည်းရုန်းကန်ရလိမ့်မယ်လို့ တွေးခဲ့တယ်။ ဒါကြောင့် ကယ် ဆယ်ရေးပုံစံကို ပြောင်းလဲပစ်ခဲ့တယ်။ ဒေါက်တာဟာရစ်ဟာ အဆိုပါကယ်ဆယ်ရေးမှာ ဗြိတိသျှရေငုပ် သမားတွေကို ဦးဆောင်ဖို့ မေတ္တာရပ်ခံခဲ့တယ်။ ဒါ့အပြင် ဘေးတစ်ဖက်စီမှာ ထိုင်းရေတပ်နဲ့အတူ အ ခြားသြစတြေးလျ ရေငုပ်ကျွမ်းကျင်သူတွေက အားထည့်ပြီး လိုက်ပါပေးဖို့ပါ စီစဉ်ခဲ့တယ်။

မုတ်သုံရာသီဥတုအရ မိုးကြီးနိုင်တာကြောင့် နောက်ဆက်တွဲအနေနဲ့ လိုဏ်ဂူထဲပါ ရေလွှမ်းမိုး နိုင်တာကြောင့် တနင်္ဂနွေနေ့မနက်ပိုင်းမှာ ကယ်ဆယ်ရေးကို စတင်ခဲ့ကြတယ်။ ၁၅ ရက်ကြာ မြေ အောက်က ပုပ်သိုးသိုးအနံ့တွေကြား ရွှံ့နွံတွေပေပွပြီး အကျဉ်းသားတွေအလား ဆက်တိုက်ရှာဖွေခဲ့ကြ ပြီးနောက်မှာတော့ တစ်စုတစ်စုတည်းရှိနေခဲ့ကြတဲ့ နည်းပြတစ်ဦးနဲ့ လူငယ်လေး ၁၂ ဦးတို့ကို ရှာဖွေ တွေ့ရှိခဲ့ကြတော့တယ်။

တစ်ကမ္ဘာလုံးမှာရှိတဲ့ ပညာရှင်တွေနဲ့ ကျွမ်းကျင်သူတွေ အတူတကွ ပူးပေါင်းခြင်းကြောင့် ဒီ ကယ်ဆယ်ရေး အောင်မြင်ခဲ့ခြင်းဖြစ်ပါတယ်။ လွတ်မြောက်လာပေမဲ့ ကောင်ကလေးတွေအတွက် အ ကူအညီလိုအပ်နေဆဲပါ။ (၁၅)ရက်ကြာ ဂူထဲပိတ်လောင်ပြီး အသက်ဘေးက ရုန်းကန်လာရခြင်း ကြောင့် နည်းပြတစ်ဦးနဲ့  လူငယ်လေး (၁၂)ဦးတို့ မှာ ကိုယ်မကျန်းမာခြင်းအပြင် စိတ်ဒဏ်ရာတွေပါ ရရှိခဲ့ကြပါတယ်။ ဒီလိုဒဏ်ရာ ဒဏ်ချက်တွေက အကြင်နာတရား မေတ္တာတရားတွေနဲ့  မြင်ကြည့်မှ သာ မြင်နိုင်ကြမှာပါ။ ဒီကယ်ဆယ်ရေး အောင်မြင်ခြင်းကလည်း နိုင်ငံတကာရဲ့  ကိုယ်ကျိုးမဖက်အတ္တ ကင်းကင်းနဲ့  ပူးပေါင်းဆောင်ရွက်ခြင်းကြောင့်သာ ဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးဟိုးဟိုးကျော်သွားတဲ့ ဒီဖြစ်ရပ်နဲ့အတူ ကယ်ဆယ်ရေးအတွက် အစီအစဉ်ဆွဲခဲ့တဲ့ ဒေါက်တာဟာရစ်ကိုလည်း တစ်ကမ္ဘာလုံးက အမှတ်ရနေကြတော့မှာ သေချာပါတယ်။

ကဲ…စာချစ်သူတို့ ရေ..

ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပြီး နှစ်သက်တယ်ဆိုရင် LIKE & SHARE လုပ်ပေးပါဦး။