မိတ္တဗလဖွံ့ဖြိုးအောင် ဘယ်လိုလုပ်မလဲ

blank

၁။ နှစ်လိုဖွယ်ပြုံးပါ။ တစ်ဖက်လူရဲ့နာမည်ခေါ်ပြီး စကားပြောဆိုပါ။ ဒါဆိုရင် တစ်ယောက်နဲ့တစ်ယောက်ကြား ခင်မင်ရင်းနှီးမှုတွေ ပိုပြီးတိုးစေပါတယ်။

၂။ တစ်ဖက်လူကို စကားပြောအောင် တွန်းအားပေးပါ။ မေးခွန်းများမျာမေးပါ။ သူ့ရဲ့ အလုပ်အကြောင်း၊ ဝါသနာအကြောင်း စသဖြင့်ပေါ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ စိတ်ရင်းနဲ့ ရိုးသားစွာ အသိအမှတ်ပြုပါ။ လေးစားမှုနဲ့ နားလည်မှုရှိကြောင်းကိုလည်း ပြသပါ။

၎။ တစ်ဖက်လူကို အရေးပါတဲ့လူတစ်ယောက်ကို ခံစားရအောင် ဆက်ဆံပါ။ တစ်ဖက်လူရဲ့ ဉာဏ်ပညာ၊ အားထုတ်မှုနဲ့ စရိုက်လက္ခဏာတွေကို တန်ဖိုးထားကြောင်းဖော်ပြပါ။

၅။ အမှားနဲ့ ကျရှုံးမှုတွေကို ထုတ်ဖော်ဝန်ခံပြီး လူသားဆန်မှု၊ စစ်မှန်မှု၊ ရိုးသားမှုကို ပြသပါ။

၆။ လူတွေကို အထင်မသေးပါနဲ့။ ကိုယ်ရေးကိုယ်တာအရမဟုတ်ဘဲ တကယ်ကို ခင်မင်ပါ၊ ကူညီဖေးမပေးပါ။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။