စိတ်ကူးအိပ်မက်တွေနဲ့ ဘဝကို ရှင်သန်ပါ။ အောင်မြင်မှုရဖို့ ကြိုးစားပါ။

blank

            အောင်မြင်ချမ်းသာပြီး လူတိုင်းအားကျရတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်ကို မေးဖူးတယ်။ “ဒီလောက်ထိ အောင်မြင်အောင် ခင်ဗျားဘဝမှာ ဘယ်လိုကြိုးစားခဲ့တာလဲ” ဆိုပြီးတော့ပေါ့။

သူက“ကျွန်တော့်ရဲ့ စိတ်ကူးအိပ်မက်တွေအတိုင်းပဲ ရှင်သန်နေထိုင်တယ်။ ကျွန်တော်ဘာလုပ်ချင်တယ်ဆိုတာကို ကျွန်တော့်စိတ်ကသိအောင် ကြိုးစားတယ်။ ပြီးတော့ ညရောက်တိုင်း ကျွန်တော့်ရဲ့စိတ်ကူးတွေအကြောင်း စဉ်းစားပြီးမှအိပ်တယ်။ နောက်တစ်နေ့ မိုးလင်းတော့ ကျွန်တော့်စိတ်ကူးအိပ်မက်တွေကို လက်တွေ့ အကောင်အထည်ဖော်နိုင်တဲ့ နည်းလမ်းတွေ တွေ့လာရတယ်။ သူများတွေကတော့ ပြောကြတယ်။ ဒါဟာ မဖြစ်နိုင်ဘူး။ မင်းလုပ်နိုင်မှာ မဟုတ်ဘူးလို့ပေါ့။ ဒါပေမဲ့ ကျွန်တော် အကောင်းဆုံး လုပ်နိုင်ခဲ့တာပဲလေ။ အမေရိကန်သမ္မတဟောင်း ဝုဒရိုး ဝီလ်ဆင် (Woodrow Wilson) ပြောသလိုပေါ့။ ကျွန်တော်တို့ဟာ စိတ်ကူးအိပ်မက်တွေကြားမှာ ရှင်သန်လာရတာပါ။ တကယ့်လူတော်တွေကလည်း စိတ်ကူးယဉ်တတ်သူတွေပဲမဟုတ်လား” လို့ ပြန်ဖြေခဲ့ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

တချို့တွေက စိတ်ကူးအိပ်မက်တွေကို နွေဦးကာလက မြူခိုးတွေကို ဝေဝေဝါးဝါးပဲ သတ်မှတ်ထားကြတယ်။ တချို့တွေကတော့ မှောင်မိုက်တဲ့ဆောင်းညရဲ့ အနီရောင်မီးပုံလေးအဖြစ် ထင်ထင်ရှားရှား သတ်မှတ်ကြတယ်။ တချို့တွေက ကိုယ့်စိတ်ကူးတွေကို ကိုယ်တိုင်မြေမြှုပ်ပစ်လိုက်တဲ့အချိန်မှာ တချို့တွေကတော့ ကိုယ့်စိတ်ကူးတွေကို ပိုပြီး အားဖြည့်ပေးနေကြတယ်။ ဒီလိုမျိုး ကိုယ့်ရဲ့စိတ်ကူးအိပ်မက်တွေဖြစ်လာရမယ်လို့ ယုံကြည်ပြီး အကောင်းဆုံးကြိုးစားနေသူတွေအတွက် မှောက်မိုက်တဲ့နေ့ရက်တွေပြီးရင် လှပတဲ့အလင်းတန်းတွေ ဖြာကျလာမှာပါ။

ဒါကြောင့် ကျေးဇူးပြုပြီး ဘယ်သူ့ကြောင့်မှ သင့်ရဲ့ စိတ်ကူးအိပ်မက်တွေကို မပျက်စီးပါစေနဲ့။ ပြီးတော့ ဘယ်သူတွေက ဘယ်လောက်ပဲ မဖြစ်နိုင်ဘူးပြောပြော မယုံလိုက်ပါနဲ့။

သီချင်းဆိုပါ။ မျှော်လင့်ပါ။ ဘုရားစာရွတ်ပါ။ ပြီးတော့ ယုံကြည်ချက်အပြည့်နဲ့ ကြိုးစားပါ။

မှတ်သားစရာ တစ်ခုခုရလိုက်တယ်ဆိုရင် SHARE လိုက်ပါ။