ရူပီ ကော်ရ် ( Rupi Kaur ) ရဲ့ ဒဿနများ

blank

၁။ ကိုယ့်ဘဝအတွက် နေအိမ်ကို သူတစ်ပါးပေါ်မှာအခြေတည်ပြီး တည်ဆောက်တတ်တဲ့ အကျင့်ကို ဖျောက်လိုက်ပြီးတဲ့နောက်မှာ ကိုယ့်ဘဝနေအိမ်ဟာ တော်ရုံနဲ့မလဲတော့တဲ့ ခိုင်မာမြဲမြံတဲ့အိမ်လေးတစ်အိမ်ဖြစ်လာခဲ့တယ်။

၂။ သူများတွေက ဘယ်လိုမြင်မလဲဆိုတဲ့ အတွေးတွေကို စွန့်လွတ်ပြီး ကိုယ့်စိတ်ကို ကိုယ်ကိုယ်တိုင် စစ်ဆေးကြည့်လာနိုင်တာနဲ့အမျှ စိတ်နဲ့ ကိုယ်ရဲ့ တိကျတဲ့ဆက်သွယ်ချက်ကို ရှာဖွေတွေ့ရှိလာတယ်။

၃။ အခြားလူတွေအောင်မြင်ချိန်မှာ အားကျငေးမောကြသလို ကျရှုံးချိန်မှာ အားပေးကူညီတတ်တဲ့စိတ်ဟာ လူတိုင်းထားနိုင်ဖို့ ခက်ခဲတဲ့ စိတ်တစ်ခုပါ။

၎။ လူတစ်ယောက်က တခြားတစ်ယောက်အပေါ် ဘာမျော်လင့်ချက်မှ မရှိဘဲ ဘယ်လောက်ထိ ပေးဆပ်နိုင်တာလဲ ဆိုတာကို ကိုယ်တိုင် အမေဖြစ်လာတဲ့အခါ သိလာလိမ့်မယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ ချစ်သူကိုယ့်ဘဝထဲ ဝင်လာမှာ ကိုယ့်ဘဝက ပြည့်ဝမယ်လို့ ထင်နေလား။ ဘဝမှာ အရာရာတိုင်း ချစ်သူကိုပဲ အပြည့်အဝမှီိခိုနေရမယ်လို့ ထင်နေလား။ ချစ်သူဟာသင့်ကို လိုက်ဖက်ညီအောင် ဖြည့်စွက်ပေးတဲ့အရာတစ်ခုဖြစ်ပေမယ့် ဘဝကွက်လပ်တိုင်းကို ဖြည့်စွက်ပေးမယ့် အဖြေတစ်ခုမဖြစ်သင့်ပါဘူး။

၆။ အိပ်ယာထလိုက်တာနဲ့ လိပ်ပြာဖြစ်နေမယ်လို့ ထင်နေလား။ တိုးတက်ပြောင်းလဲလာအောင် ကြိုးစားမှုမရှိဘဲ အောင်မြင်ဖို့ မတမ်းတပါနဲ့။