ကိုယ့်ကိုယ်ကိုအဆုံးစီရင်မှုတွေ လျော့ကျစေဖို့အတွက် ဘာတွေလုပ်ရမလဲ။

blank

စာချစ်သူတို့ရေ…။

ဟိုနားက လူငယ်တစ်ယောက် ကိုယ့်ကိုယ်ကိုအဆုံးစီရင်လိုက်ပြန်ပြီ…။ ဒီနားမှာလူတစ်ယောက် ကိုယ့်ကိုယ်ကိုသတ်သေလိုက်ပြန်ပြီ။ စတဲ့သတင်းတွေက ကြားရစိတ်လာတဲ့ သတင်းလေးတွေပေါ့။

WHO ရဲ့ အစီရင်ခံစာအရ စက္ကန့်  ၄ဝ မှာ လူ တစ်ယောက် ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုနဲ့ သေဆုံးနေတယ်လို့သိရပါတယ်။ အဲ့ဒီထဲမှာမှ အသက် ၁၅-၅ဝ နှစ် ကြား အများဆုံးဖြစ်ပြီး လူငယ်ပိုင်း သေဆုံးမှု နှုန်းက ပိုမြင့်တက်လာနေတယ်လို့ဆိုတယ်။ သက္ကရာဇ် (၂ဝ၂ဝ)  လောက်မှာ စက္ကန့် (၂ဝ) ကို တစ်ဦးနှုန်းအထိမိမိကိုယ်ကို အဆုံးစီရင်မှု တိုးလာမယ်လို့လည်း ခန့်မှန်းထားပြီး အဲ့ဒီထဲမှာ လူငယ်တွေ နှုန်းကထပ်ပြီးမြင့်တက်လာဦးမယ်လို့လည်း မှန်းချက်ထုတ်ထားပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

“လူတွေဘာ့ကြောင့် ကိုယ့်ကိုယ်ကိုအဆုံးစီရင်ကြတာလဲ။ ကိုယ့်ရဲ့အသက်ကိုတောင် မနှမျောနိုင်တဲ့အထိ သူတို့ကိုဖိစီးနေတဲ့အရာက ဘာလဲ။ ကြုံတွေ့နေရတဲ့ အခက်အခဲဒုက္ခတွေက ဖြေရှင်းလို့မရနိုင်ဘူးလား။ လူတွေက စိတ်ဓာတ်ခွန်အားတွေ လျော့နည်းလာကြတာလဲ” ဆိုတာတွေကို စဉ်းစားကြည့်မိတယ်။ အခုခေတ်ကြီးမှာ နည်းပညာတွေတိုးတက်၊ လူနေမှုအဆင့်အတန်းတွေမြင့်တက်ပြီး အရာရာဟာ ပွင့်လင်းမြင်သာမှုရှိလာတဲ့ ခေတ်ကြီးပေါ့။ တိုးတက်လာတဲ့ ခေတ်ကြီးမှာ နောက်ကျမကျန်ခဲ့အောင် ရုန်းကန်လှုပ်ရှားနေရတယ်။ အဲ့ဒီအခါမှာ မိသားစုဝင်တွေအကြား၊ မိတ်ဆွေတွေအကြားမှာ နွေးထွေးမှုတွေပေးဖို့ အဆင်မပြေမှုတွေကို ဖလှယ်ဖို့ တစ်ယောက်ကိုတစ်ယောက်အားပေးနှစ်သိမ့်ပေးနိုင်မှုတွေ လျော့နည်းလာကြတယ်။ အဲ့ဒီအခါမှာ စိတ်ဖိစီးမှုတွေ၊ စိတ်ဓာတ်ကျမှုတွေက အသေးလေးကနေ စုပြုံလာပြီး ဘဝမှာနေမပျော်တော့တာတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်မိတယ်။

ဒါ့ကြောင့် မိမိကိုယ်ကိုယ်သတ်သေမှုတွေ လျော့ချနိုင်ဖို့၊ စိတ်ဖိစီးမှုတွေကို လျော့ချနိုင်ဖို့ ကျွန်မတို့အားလုံး ဘာတွေလုပ်သင့်လဲ။ ဘာတွေလုပ်သင့်လဲ။ အားလုံးပူးပေါင်းပြီး အဖြေရှာလိုက်ကြစို့လား။