သူများမကောင်းပြောတဲ့အပေါ် လိုက်ခံစားနေမိတဲ့စိတ်ကို ဘယ်လိုရပ်တန့်ပစ်မလဲ။

blank

၁။ သူတစ်ပါးရိုင်းပျတာက သင့်အလုပ်မဟုတ်ပါဘူး။ သူတို့အပြုအမူက သူတို့အပေါ်သာ ရောင်ပြန် ဟပ်မှာပါ။

၂။ သူတစ်ပါးက သင့်ကို ပြုံးမပြနိုင်တာ၊ နှုတ်မဆက်နိုင်တာဟာ သင်ရှက်ရမှာမဟုတ်ပါဘူး။ သဘော ထားသေးသိမ်တဲ့အတွက် သူတို့ကသာ ရှက်ရမှာပါ။

၃။ သင်ကြုံတွေ့နေရတဲ့ကိစ္စက မှန်ကန်မှုမရှိဘူးဆိုရင်လည်း အဲ့ဒီအဖြစ်ကနေ ဘယ်လိုသင်ခန်းစာ ယူလို့ရမလဲဆိုပြီး အပြုသဘောဘက်ကတွေးလိုက်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ လက်ရှိအခြေအနေထဲ ပိတ်မိမနေဘဲ ပြဿနာရဲ့အရင်းအမြစ်ကဘာလဲဆိုတာ တခြားရှုထောင့်က မြင်ကြည့်ပါ။

၅။ လူတိုင်းကို စိတ်ချမ်းသာအောင်လုပ်ပေးနိုင်တဲ့သူဘယ်သူမှ မရှိဘူးဆိုတာ လက်ခံပါ။

၆။ လောကကြီးမှာ အမှားကင်းတဲ့သူမရှိတာ သဘောပေါက်ပါ။

၇။ သင့်တန်ဖိုးဆိုတာ သင့်အပေါ်မှာသာ မူတည်တာကို သိပါ။

အပြုသဘောဆောင်တဲ့အတွေးအခေါ်တွေ မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။