အုန်းသီးထဲမှာ အုန်းရေဘယ်လိုရောက်လာတာလဲ။

blank

အုန်းသီးဟာ လူကြိုက်များလှတဲ့အသီး ဖြစ်ပေမဲ့ အုန်းသီးထဲမှာ ရေဘယ်လိုဝင်နေလဲဆိုတာ ကိုတော့ သိတဲ့သူနည်းပါတယ်။

အမှန်တော့ များပြားလှတဲ့တခြားသော အပင်မျိုးစိတ်တွေလိုပါပဲ။

အုန်းပင်ကလည်း အမြစ်ကနေ စုပ်ယူလိုက်သမျှ ရေသိုလှောင်ထားရာအဖြစ် အသီးတွေကို အဓိကအသုံးပြုပါတယ်။ စားလို့ရတဲ့ တခြားအသီးတွေရဲ့ အရည်သောက်ဖို့ဆိုရင် အသားကို ညှစ်ဖို့ လိုပါတယ်။ အုန်းသီးကတော့ အုန်းသီးခွဲတာနဲ့ အရည်ကို အဆင်သင့်သောက်ရုံပါပဲ။ တကယ့်သဘာဝ ဖျော်ရည်စစ်စစ်ဖြစ်ပါတယ်။ အုန်းသီးစိမ်းနေတဲ့အခါ အတွင်းပိုင်းမှာ အရည် ၅ဝ စင်တီလီတာပါဝင်ပြီး အချိုဓာတ်ကတော့ အရမ်းနည်းပါတယ်။ အုန်းသီးရင့်မာကြီးထွားလာတာနဲ့အမျှ အုန်းရေဟာ ကောင်း ကျိုးများစွာရှိတဲ့ အုန်းသီးအသားတွေအဖြစ်ပေါင်းစပ်သွားကြပြီး အရည်လည်းနည်းသွားပါတယ်။ အရ သာကတော့ ပိုမိုကောင်းမွန်လာပါတယ်။ အဲ့ဒီရေဟာ အုန်းပင်မျိုးစိတ်ရှင်သန်မှုအတွက် အရေးကြီးဆုံး ဆိုလည်း မမှားပါဘူး။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အုန်းပင်ရဲ့ မျိုးစေ့ဟာ အလွန်ကောင်းတဲ့မျိုးစေ့အမျိုးအစားဖြစ်ပြီး အညှောင့်မပေါက်မချင်း အန္တရာယ်မှန်သမျှကို ကြာရှည်ခုခံတွန်းလှန်နိုင်စွမ်းရှိပါတယ်။ ပျမ်းမျှအထွက်နှုန်းကတော့ အုန်းပင် တစ်ပင်ကို တစ်နှစ်မှာ အလုံးရေ ၂၅ ကနေ ၇၅ လုံးမျှသာ ထွက်ရှိပါတယ်။

အုန်းရေကြိုက်တဲ့သူငယ်ချင်းတွေကို ဗဟုသုတလေးတွေ မျှဝေဖို့ mention ခေါ်လိုက်ပါဦးနော်။