လူသားတွေက ဦးနှောက်ကို လွှမ်းမိုးနိုင်တယ်ဆိုတာကို သက်သေပြနေတဲ့ ဥပမာများ

blank

ဦးနှောက်ဆိုတာ လူ့ခန္ဓာကိုယ်က အထူးဆန်းဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ခေတ်အဆက်ဆက်က သိပ္ပံပညာရှင်တွေ လက်ဆင့်ကမ်းလေ့လာခဲ့တာတောင်မှ ထူးဆန်းတဲ့ လျှို့ဝှက်ချက်တွေ အများကြီးရှိပါသေးတယ်။

၁။ စာဖတ်ခြင်းက ဦးနှောက်ရဲ့ မှတ်ဉာဏ်စွမ်းတွေကို တိုးမြင့်စေပါတယ်။ စာအုပ်ဖတ်နေတဲ့အချိန်မှာ အာရုံစိုက်ဖို့နဲ့ မှတ်သားနိုင်ဖို့ သွေးတွေက ဦးနှောက်ထဲကို များများဝင်လာပြီး သွေးလည်ပတ်မှုကောင်းအောင် ဆောင်ရွက်ပေးပါတယ်။ ဒါပေမဲ့ TV ကြည့်ချိန်၊ game ဆော့ချိန်တွေမှာတော့ ဒီလိုအကျိုးကျေးဇူးကို မရနိုင်ပါဘူး။

၂။ ပန်းချီဆွဲခြင်းက ဦးနှောက်လုပ်ဆောင်မှုကို ပိုမိုကောင်းမွန်စေပါတယ်။ ဦးနှောက်ကို နုပျိုစေပြီး လန်းဆန်းစေပါတယ်။

၃။ ၁၅ဝဝ အချစ်နဲ့ ၅၂၈ မေတ္တာတို့ဖြစ်ပေါ်စေတဲ့ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေဟာ တူညီသလောက်နီးပါးရှိပေမယ့် ကွဲပြားနေတယ်ဆိုတာကို သိရပါတယ်။ ၁၅ဝဝ အချစ်ဟာ ရာဂတွေ၊ စိတ်ပူပန်မှုတွေနဲ့ ဆက်စပ်နေတဲ့ ဦးနှောက်အပိုင်းတွေကို လှုပ်ရှားစေပြီး ၅၂၈ အချစ်ကတော့ တွယ်တာမှု၊ နွေးထွေးမှုတွေကို ဖြစ်ပေါ်စေပါတယ်။

၎။ ကိုယ်ဝန်ဆောင်တဲ့အခါမှာ ဦးနှောက်အတွင်းက gray matter ပမာဏကို လျော့ကျစေပြီး မိတ်ဆွေတွေကို ရုတ်တရက်မမှတ်မိတာ၊ လူတစ်ယောက်ကို အကဲခတ်နိုင်စွမ်းတွေ လျော့ကျတာမျိုး ဖြစ်တတ်ပါတယ်။

၅။ အချိုဓာတ်လွန်ကဲစွာ စားသုံးခြင်းက ဦးနှောက်လုပ်ဆောင်မှုတွေကို လျော့ကျစေပြီး သင်ယူနိုင်စွမ်း၊ မှတ်သားနိုင်စွမ်းနဲ့ အာရုံစိုက်နိုင်စွမ်းတွေကို လျော့ကျစေပါတယ်။ ဒါဟာ ပိုလျှံနေတဲ့သကြားဓာတ်တွေက အာရုံကြောဆက်နွှယ်မှုတွေကို ပျက်စီးစေလို့ဖြစ်ပါတယ်။

၆။ ဦးနှောက်မှာ ရေဓာတ်လုံလုံလောက်လောက်မရှိဘူးဆိုရင် ရေတိုမှတ်ဉာဏ်ပျောက်ဆုံးခြင်းနဲ့ အလိုအလျောက်သိမြင်မှတ်သားဉာဏ်တွေကို ဆိုးဝါးစေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၇။ အနောက်တိုင်းသိပ္ပံပညာရှင်တွေရဲ့ အဆိုအရ အချစ်နဲ့ အမုန်းဟာ ဦးနှောက်ရဲ့ နေရာတစ်ခုတည်းကနေ အစပြုကြပါတယ်။ ဒါပေမဲ့ ဝေဖန်သုံးသပ်နိုင်ပြီး ကြောင်းကျိုးဆီလျော်အောင် တွေးခေါ်နိုင်စွမ်းမှာတော့ အမုန်းက အချစ်ထက် သာလွန်တယ်ဆိုတာကို သိရပါတယ်။

၈။ အမြဲလိုလို စိတ်ဖိစီးခြင်းက ဦးနှောက်ရဲ့ ထိန်းချုပ်နိုင်စွမ်း၊ သင်ယူလေ့လာနိုင်စွမ်းကို လျော့ကျစေပါတယ်။

၉။ ကာလရှည်ကြာ အိပ်ရေးပျက်ခြင်းက မှတ်ဉာဏ်စွမ်းကို ထိခိုက်စေပြီး အယ်လ်ဇိုင်းမားရောဂါဖြစ်စေနိုင်ပါတယ်။

မှတ်သားစရာ တစ်ခုခုရလိုက်တယ်ဆိုရင် SHARE လိုက်ပါ။