အထီးကျန်မှုနဲ့ ပတ်သက်ပြီး တလွဲတွေထင်နေကြတုန်းပဲလား

blank
၁။ သူငယ်ချင်းများတိုင်း ပျော်စရာကောင်းတယ်လို့ မထင်ပါနဲ့။

သူငယ်ချင်းတွေ၊ တွေ့ဆုံပွဲတွေ၊ ပါတီပွဲတွေများများရှိတိုင်း ပျော်စရာကောင်းတာမဟုတ်ပါဘူး။ လူသိများပြီး မိတ်ဆွေပေါပေမဲ့ အထီးကျန်မှုကို ခံစားနေရသူတွေအများကြီးပါ။ သူငယ်ချင်းတွေဘယ်လောက်များများ စိတ်ရင်းနဲ့မခင်ကြဘူးလို့ ခံစားမိရင်လည်း အထီးကျန်မှုဆိုတာရှိနေမှာပါပဲ။ ကိုယ့်ဘေးနားမှာ ရှိနေတဲ့သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ လူမှုကွန်ရက်က သူငယ်ချင်းတွေကို မနှစ်သက်မချစ်ခင်တဲ့စိတ်တွေ ဖြစ်ပေါ်နေရင်လည်း အထီးကျန်နေရမှာပါပဲ။

၂။ မြုံစိစိနေတတ်တဲ့သူတွေက ပိုပြီးအထီးကျန်နေမယ်လို့ မထင်ပါနဲ့။

မြုံစိစိနေတတ်သူတွေဟာ ပွင့်လင်းဖော်ရွေသူတွေထက်ပိုပြီး သီးသန့်ဆန်စွာ နေတတ်ကြပါတယ်။ ဒါပေမဲ့ တစ်ယောက်တည်းနေတတ်တာနဲ့ အထီးကျန်တာ မတူပါဘူး။ တစ်ယောက်တည်း ခပ်အေးအေးနေတတ်သူတွေဟာ တစ်ယောက်တည်းရှိတဲ့အချိန်တွေကို ကိုယ့်စိတ်ပျော်အောင်၊ ကိုယ့်အတွက် အကျိုးရှိအောင် ဖြတ်သန်းတတ်ကြပါတယ်။ လူချစ်လူခင်များပြီး ပွင့်လင်းသူတွေကတော့ တစ်ယောက်တည်းရှိနေတဲ့အချိန်တွေမှာ အထီးကျန်နေတာနဲ့ပဲ စိတ်မပျော်မရွှင်ဖြစ်ရပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် တစ်ယောက်တည်းနေနေကျသူထက် အများနဲ့နေတဲ့သူတွေက အထီးကျန်မှုကို ပိုခံစားရကြောင်း သိနိုင်ပါတယ်။

၃။ အရင်းနှီးဆုံးသူငယ်ချင်းတွေကသာ အရေးပါတယ်လို့ မထင်ပါနဲ့။

အရင်းနှီးဆုံးသူငယ်ချင်းတွေ၊ မိသားစုမောင်နှမတွေကိုပဲ အရေးအရာလုပ်ဆက်ဆံပြီး ကျန်တဲ့သူတွေကို ခပ်တန်းတန်းဆက်ဆံတတ်သူတွေရှိပါတယ်။ အဲဒီလိုလူတွေက လူတိုင်းကို ဖော်ဖော်ရွေရွေဆက်ဆံတတ်တဲ့သူတွေထက် ပိုပြီးအထီးကျန်ဆန်နေတတ်ပါတယ်။ ရင်းနှီးသူတွေကိုပဲ ပေါင်းတာကြောင့် ရင်းနှီးသူတွေနဲ့ ကတောက်ကဆဖြစ်ရတဲ့အခါ ပေါင်းစရာမရှိတော့ဘဲ အထီးကျန်ဆန်တာမျိုးပေါ့။ သိသမျှလူတိုင်းကို ဖော်ဖော်ရွေရွေ ခင်မင်နှုတ်ဆက်တတ်သူတွေမှာတော့ အဲဒီလိုအထီးကျန်စရာအကြောင်းမရှိဘူးလေ။

၎။ အိမ်ထောင်သည်တွေ အထီးကျန်မှုကို မခံစားရဘူးလို့မထင်ပါနဲ့။

တကျက်ကျက်ရန်ဖြစ်ပြီး စိတ်ညစ်စရာကောင်းတဲ့ အိမ်ထောင်ရေးအတွက်ကတော့ အိမ်ထောင်သည်ဘဝဟာ အထီးကျန်စရာပါပဲ။ လေ့လာချက်တစ်ခုအရ အိမ်ထောင်သည်တွေရဲ့ ၃၅% ဟာ အထီးကျန်မှုကို ခံစားနေရတယ်လို့ သိရပါတယ်။ လက်ထပ်စာချုပ်တစ်ခုက အထီးကျန်မှုကို မဖယ်ရှားပေးနိုင်ပါဘူး။ အိမ်ထောင်ဖက်နဲ့ စိတ်ချင်းနီးပြီး အထီးကျန်မှုကို မခံစားချင်ဘူးဆိုရင်တော့ ညဘက်တွေ ၂ယောက်တည်း အပြင်သွားတာ၊ ခရီးထွက်တာ၊ ညစာအတူတူစားတာ၊ ပွေ့ဖက်တာတွေ လုပ်နိုင်ပါတယ်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။