ဆယ်ကျော်သက်ဘဝကို အောင်မြင်စွာဖြတ်သန်းနိုင်စေဖို့

blank

ယနေ့ခေတ်ရဲ့ ဆယ်ကျော်သက်လူငယ်လေးတွေ အညွန့်တလူလူနဲ့ ကိုယ်ပိုင်ဘဝလေးတွေကို ကိုယ်တိုင်ဖျက်ဆီးပစ်နေကြတာကို တွေ့နေရပါတယ်။ ဒီစာစောင်လေးထဲမှာတော့ အဲဒီလို ကိုယ့်အညွန့်ကိုယ်မချိုးမိအောင်ရယ်၊ ဆယ်ကျော်သက်ဘဝကို အောင်မြင်စွာဖြတ်သန်းနိုင်ဖို့ရယ် ရည်ရွယ်ပြီး နည်းလမ်းလေးတွေဝေမျှပေးထားပါတယ်။

၁။ ကိုယ့်ကိုယ်ကို စစ်မှန်စွာနေထိုင်ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။

၂။ ကျောင်းစာနဲ့ ပညာရေးကို အဓိကထားပြီး ကြိုးစားပါ။ စာလုပ်ချိန်မှာစာလုပ်၊ ပျော်ရမယ့်အချိန်မှာ ပျော်ပေါ့။

၃။ အသစ်အဆန်းတစ်ခုခုကို စပြီးလုပ်မကြည့်ခင် သတိလေးထားပြီး သေချာစဉ်းစားဆင်ခြင်ပါ။ ဘယ်လိုအကျိုးဆက်တွေဖြစ်လာနိုင်လဲဆိုတာပါ စဉ်းစားပါ။

၎။ ကိုယ်ချစ်တဲ့၊ ကိုယ်ဝါသနာပါတဲ့အလုပ်ကို လုပ်ပါ။ ကိုယ့်ဝါသနာက ဘာလဲဆိုတာကိုလည်း သိအောင်ကြိုးစားပါ။

၅။ မူးယစ်ဆေးဝါးလုံးဝမသုံးပါနဲ့။ ဆယ်ကျော်သက်မှာ မူးယစ်ဆေးသုံးလို့ ဘဝတွေပျက်၊ အသက်တွေဆုံးကြရတာ ဥပမာတွေ အများကြီးရှိတယ်နော်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ အနာဂတ်အစီအစဉ်ဆွဲပါ။ ပြီးရင် တစ်ဆင့်ချင်းကြိုးစားပါ။

၇။ အချိန်တွေက ကုန်နေတယ်၊ ဆယ်ကျော်သက်ဘဝဆိုတာ (၂) ခါပြန်မရပါဘူး။ ပျော်ပျော်နေပါ။ ဘုရားတရားမမေ့ပါနဲ့။

၈။ လူရွေးပြီး ပေါင်းပါ။ ချမ်းသာတဲ့သူ၊ ဆင်းရဲတဲ့သူကို ရွေးခိုင်းတာမဟုတ်ဘူးနော်။ ကိုယ့်ဘဝကို ကောင်းစေမယ့်သူလား၊ ဆိုးစေမယ့်သူလား၊ စိတ်ဓာတ်မြင့်မားသူလား၊ စိတ်ဓာတ်ယုတ်ညံ့သူလား ဆိုတာ ရွေးချယ်ပြီး ပေါင်းသင်းပါ။

၉။ လှုပ်ရှားတက်ကြွစွာနေပါ။ ကျောင်းလှုပ်ရှားမှုတွေမှာ ပါဝင်ပါ။ စိတ်တွေကို ပေါ့ပေါ့ပါးပါးထားပါ။

၁ဝ။ ကိုယ့်တာဝန်ကိုယ်သိတတ်ပြီး ကျေပွန်ပါ။ အလုပ်တွေကိုလည်း သူများထောက်ပြစရာမလိုအောင် စေ့စေ့စပ်စပ်လုပ်ပါ။ သူများခိုင်းစရာ၊ ပြောစရာမလိုဘဲ ကိုယ့်တာဝန်ကိုယ် ကျေပါ။

ဒီနည်းလမ်းလေးတွေက ဆယ်ကျော်သက်လူငယ်လေးတွေအတွက် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ သင်ကိုယ်တိုင်က ဆယ်ကျော်သက်မဟုတ်တောင် သင့်မိတ်ဆွေ၊ သင့်မိသားစုဝင်တွေထဲက ဆယ်ကျော်သက်တွေအတွက် SHARE ပေးလိုက်ပါဦးနော်။