ကိုယ့်ကိုယ်ကို လေးစားတတ်တဲ့ အမျိုးသမီးတွေ လုံးဝလက်မခံတဲ့အရာများ

blank

အချစ်ရေးတစ်ခုမှာ ယုံကြည်မှု၊ ရိုးသားမှု၊ ကြင်နာမှုနဲ့ ရင်းနှီးမှုတွေလိုအပ်သလို တစ်ဦးနဲ့ တစ်ဦးရိုသေလေးစားဖို့လည်း လိုအပ်ပါတယ်။ အဲဒီလို တန်ဖိုးထားလေးစားခံရဖို့ဆိုတာ ချစ်သူယောက်ျားလေးတွေပေါ်မှာပဲ မူတည်နေတာမဟုတ်ပါဘူး။ မိန်းကလေးကိုယ်တိုင်က ကိုယ့်ကိုယ်ကိုလေးစားတန်ဖိုးထားမှ ချစ်သူကလည်း လေးစားတန်ဖိုးထားမှာပေါ့။ ဒါကြောင့် စာချစ်သူပျိုမေတို့အနေနဲ့ ချစ်သူရဲ့တန်ဖိုးထားလေးစားမှုကို ရရှိဖို့အတွက် ကိုယ့်ကိုယ်ကို လေးစားတတ်တဲ့ အမျိုးသမီးတွေက ဘယ်အရာလေးတွေကို လက်မခံကြဘူးလဲဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။ Self-respect ရှိတဲ့အမျိုးသမီးတွေဟာ….

၁။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအနိုင်ကျင့်စော်ကားတာတွေ၊  စကားလုံးကြမ်းကြမ်းတွေနဲ့ စော်ကားပြောဆိုတာကိုတောင် လက်မခံတတ်ကြပါဘူး။

၂။ ပေးထားတဲ့ကတိမတည်တာ၊ ပြီးပြီးရောဆိုပြီး မုသားပြောတာတွေကိုလည်း လက်မခံတတ်ကြပါဘူး။

၃။ စတာနောက်တာပဲဖြစ်ဖြစ်၊ တမင်ရည်ရွယ်ပြီးပြောတာပဲဖြစ်ဖြစ် မိမိကို အထင်သေးပြီး နှိမ့်ချပြောဆိုတဲ့စကားတွေကို လက်မခံကြဘူး။

၎။ စိတ်ကူးတွေကို အသိအမှတ်ပြုပြီး စိတ်ခွန်အားမပေးတဲ့အပြင် ပျက်ရယ်ပြုလှောင်ပြောင်တာတွေကို လက်မခံတတ်ကြပါဘူး။

၅။ Self-respect ရှိတဲ့အမျိုးသမီးတွေဟာ ချစ်သက်တမ်းမကြာသေးဘဲ ငွေကြေးကိစ္စအကူအညီတောင်းတာတွေကို ကိုယ်တိုင်ကရှောင်ကြဉ်ကြသလို ချစ်သူက လုပ်လာရင်လည်း လက်မခံတတ်ကြပါဘူး။

၆။ မိမိကိုဘေးမှာထားပြီး တခြားမိန်းကလေးတွေကို လိုက်ကြည့်တာ၊ တခြားမိန်းကလေးတွေအကြောင်းပြောတာတွေကို လက်မခံကြဘူး။

၇။ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေအကြားမှာ ချစ်သူအဖြစ်အသိမပေးတာ၊ သူငယ်ချင်းတစ်ယောက်အဖြစ်ပဲ မိတ်ဆက်ပေးတာ စတာတွေကို လက်မခံတတ်ကြပါဘူး။

၈။ ဖြုန်းတီးတာမျိုးမဟုတ်ဘဲ ငွေရေးကြေးရေးနဲ့ ပတ်သက လိုတာထက်ပိုပြီး ကပ်စေးကုပ်တာကို လက်မခံကြဘူး။ ချွေတာတတ်တာကကောင်းပါတယ်။

၉။ တချို့အမျိုးသားတွေဟာ လက်ထပ်ပြီးတဲ့အခါ အိမ်အလုပ်လုပ်ဖို့ ဆိုတဲ့အကြောင်းပြချက်နဲ့ အလုပ်ထွက်ခိုင်းတတ်ကြပါတယ်။ လက်မထပ်ခင်ကတည်းက မိမိကိုယ် အိမ်အလုပ်လုပ်ဖို့တစ်ခုတည်းအဖြစ် သဘောထားနေတာမျိုးကို Self-respect ရှိတဲ့အမျိုးသမီးတွေက လက်မခံတတ်ကြပါဘူး။

ဂန္ထဝင်ပျိုမေတို့ရေ…

ချစ်သူရဲ့ တန်ဖိုးထားလေးစားတာကိုခံချင်တယ်ဆိုရင် ကိုယ်ကိုယ်တိုင်ကလည်း self respect ရှိရပါမယ်။ ဒါကြောင့် ဂန္ထဝင်ပျိုမေတို့လည်း ဒီလိုအပြုအမူလေးတွေကို လက်မခံဖို့၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားဖို့ အကြံပေးပါရစေနော်။