ကောင်းသလိုလိုနဲ့ ဆိုးကျိုးဖြစ်စေတဲ့ ကျန်းမာရေးအကျင့်ဆိုးများ

blank
၁။ နှပ်ချေးနှိုက်ခြင်း

နှာခေါင်းမှာ သူ့အလိုလို သန့်ရှင်းတဲ့စနစ်ရှိပြီးသားပါ။ ဒါကြောင့် ခဏခဏ နှာခေါင်းမနှိုက်ပါနဲ့။ လက်မသန့်ရင် နှာခေါင်းနဲ့ အသက်ရှူလမ်းကြောင်းထဲ ပိုးဝင်နိုင်ပါတယ်။ နှာခေါင်းပိတ်နေတယ်တိုရင် အသာလေးညှစ်ပြီး တစ်ရှူးသန့်သန့်လေးနဲ့ သုတ်လိုက်ပါ။

 

၂။ အိမ်သာအဖုံးဖွင့်ပြီး ရေဆွဲချခြင်း

ကိစ္စပြီးလို့ ရေဆွဲချမယ်ဆိုရင် ဘိုထိုင်အိမ်သာအဖုံးလေးကိုတော့ ပိတ်လိုက်ပါဦး။ ရေဆွဲလိုက်တာနဲ့ ဘက်တီးရီးယားတွေက ၂ မီတာလောက်အထိ မြောက်တက်လာနိုင်လို့ပါ။

၃။ နားသန့်ရှင်းခြင်း

ကျွန်မတို့ရဲ့ နားတွေဟာ နဖာချေးဆိုတဲ့ ear-wax တွေကြောင့် အလိုလို သန့်ရှင်းပြီးသားပါ။ အဲဒါကို နဖာကလော်တံတွေနဲ့ နားကို ကလော်မယ်၊ ဆေးမယ်ဆိုရင် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ သင်လုပ်နိုင်တာက ရေချိုးပြီးချိန်တွေမှာ တဘက်အစိုလေးနဲ့ နားအပြင်တဝိုက်ကို ပွတ်တိုက်ပေးဖို့ပါပဲ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ အစားစားပြီးပြီးချင်း သွားတိုက်ခြင်း

နေ့တိုင်း တစ်နေ့ ၂ကြိမ်တော့ သွားတိုက်သင့်ပါတယ်။ ဒါပေမဲ့ တစ်ခုခုစားပြီးပြီးချင်းတော့ သွားမတိုက်ပါနဲ့။ အစားအစာတွေမှာပါတဲ့ အက်ဆစ်ဓာတ်တွေကြောင့် သွားအပေါ်ယံလွှာလေးတွေက အစားစားပြီးကာစအချိန်တွေမှာ ပျော့နေတတ်ပါတယ်။ အဲဒီအချိန်မှာ သွားတိုက်လိုက်ရင် သွားအပေါ်ယံလွှာလေးတွေကို ပျက်စီးစေပါတယ်။ အကောင်းဆုံးကတော့ အစားစားပြီးရင် သွားမတိုက်ဘဲ ပီကေဝါးပါ။ ဒါမှမဟုတ် နာရီဝက်လောက်ကြာမှ သွားတိုက်ပါ။

၅။ ကွန်ပျူတာနဲ့ အချိန်ကြာမြင့်စွာ အလုပ်လုပ်ခြင်း

ကွန်ပျူတာမှမဟုတ်ပါဘူး၊ ဖုန်းတွေကို အချိန်ကြာကြာသုံးရင်လည်း မျက်စိညောင်းတာ၊ မျက်စိခြောက်တာ၊ ဂုတ်နဲ့လည်ပင်းတွေ နာလာတာတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် ကွန်ပျူတာအချိန်ကြာကြာသုံးပြီး အလုပ်လုပ်ရတယ်ဆိုရင် screen brightness လျှော့ထားပါ။ မကြာခဏ မျက်စိကို အနားပေးပါ။ မျက်စိမခြောက်အောင် မျက်တောင်ခဏခဏခတ်ပါ။

ဒီလိုအကျင့်တွေ ရှိနေတတ်တဲ့သူတွေအတွက် SHARE ပေးလိုက်ပါဦးနော်။